Chapter 2

7.7K 1K 123
                                    


Xiaozhan <POV>

ဒီနေ့တော့ မိုးလင်းထဲက တိုင်ပတ်နေရပြီ...။ ပါးက သူနိုင်ငံခြားခရီးတွေ ထွက်နေရရင် ကုမ္ပဏီအလုပ်တွေကို ကျွန်တော်နဲ့ အတတ်နိုင်ဆုံး မျက်နှာလွှဲသွားလို့ရအောင် ဝင်လုပ်ခိုင်းနေပြီဆိုပေမယ့် ပါး ဆုံးဖြတ်မှ ဖြစ်မယ့်ကိစ္စတွေဆိုရင်တော့  နောက်ရက်‌တွေပဲ ရွှေ့ပေးထားနေကျပင်...။ အခုတော့ ထုံးစံအတိုင်း ပါး နိုင်ငံခြားသွားနေတဲ့အချိန်မှပဲ ရှယ်ယာရှင်တွေ တင်ဒါအစည်းအဝေးဆိုပြီး ဖြစ်ကုန်တာ...

" သခင်လေး...ဒီနေ့အစည်းအဝေးက ရွှေ့လို့မရတော့ဘူး...။ အဲ့ဒါကြောင့် ဒီပွဲကို သခင်လေး ဦးဆောင်ပြီးတက်မှ ဖြစ်မှာ..."

" ဖြစ်ပါ့မလား...ကုမ္ပဏီကိစ္စတွေ ဝင်လုပ်နေတာ သိပ်မကြာသေးတော့ စိုးရိမ်နေတာ...အမှားပါသွားရင် ပါးမျက်နှာ ပျက်စရာဖြစ်မှာစိုးလို့..."

" ဦးလေးဘေးက ရှိနေပေးမှာပဲလေ... သခင်လေးက လူလုံးထွက်ပြရင် ရပါပြီ...။ ဒီမှာ ဒါက ဒီနေ့အစည်းအဝေးမှာပါမယ့် လူစာရင်းတွေ...ကြိုကြည့်ထားတော့ အဆင်ပြေတာပေါ့..."

ဦး‌လေးယန်းက အရမ်းကို အားကိုးရတဲ့ ပါးရဲ့ အတွင်းရေးမှူးတစ်ယောက်ပင်...။ ကျွန်တော်အရင်ကလည်း ပါးနဲ့အတူ အစည်းအဝေးတွေ လိုက်တက်နေကျမို့ လူတော်တော်များများကိုတော့ ရင်းနှီးနေပါပြီ...

" ဦးလေး...ဒီနေ့အစည်းအဝေးမှာ လန်Groupလည်း ပါမှာလား..."

" ဟုတ်တယ်...သူတို့တွေက နှစ်အတော်ကြာ ငြိမ်နေပြီးမှ အခုနောက်ပိုင်း အရမ်းကို နေရာတွေဝင်ယူလာသလိုပဲ...။ ဒါပေမယ့် ဦးသိသလောက်တော့ ဒီနေ့အစည်းအဝေးကို လန်ဥက္ကဌကြီး တက်မှာမဟုတ်ဘူး...သူ့သားလာမယ်ကြားတယ်..."

" ဟင်...လန်အိမ်တော်မှာ သားရှိလို့လား ...."

" ဦး‌လေးလည်း အဲ့ဒါကို စဉ်းစားနေတာ...ဒါပေမယ့်လည်း သခင်လေး သိတဲ့အတိုင်းပဲလေ...လန်ဥက္ကဌကြီးက အငယ်အနှောင်းတွေများတယ်လေ...သူတို့နဲ့ ရတဲ့သားလို့ထင်တာပဲ..."

" ဟောဗျာ လန်ဥက္ကဌကြီးက ဒီလိုလူမျိုးတွေရဲ့သားကိုတောင် နေရာတွေဘာတွေပေးလို့...။ ဟုတ်ပြီ ဟုတ်ပြီ...အစည်းအဝေးစတော့မယ်မလား...သွားကြတာပေါ့..."

Endless Flowers [Completed]Where stories live. Discover now