Chapter 9

6.6K 889 204
                                    


3months later...

" ကော..."

ဆေးသောက်နေတုန်း နောက်ကနေ ခါးကို ရုတ်တရက်သိုင်းဖက်ခံလိုက်ရတာကြောင့် ရေတောင်သီးကုန်ရတယ်...

" လန့်လိုက်တာ ကျန့်ကျန့်ရာ..."

" ဟီးး...အခုထိ အဲ့အားဆေးတွေ သောက်တုန်းလား..."

" အာ...အင်းပေါ့..."

" ငါ့ကောကောက အရမ်းတွေကို အားတွေရှိချင်နေတာပဲ..."

" စောစောစီးစီး နောက်မနေနဲ့တော့..."

" ချစ်လို့စတာကို..."

" ကဲ...မင်း အလုပ်သွားဖို့ အကုန်အဆင့်သင့်ဖြစ်ပြီမလား..."

" ဟုတ်..."

" ရော့ ကားစက်နှိုးထားပြီး ကားပေါ်မှာသွားစောင့်နေတော့နော်...ကော လိုက်လာခဲ့မယ်..."

" အင်း ပြီးရော..."

သော့ယူပြီး ပြေးထွက်သွားပြီမို့ လှမ်းအော်လိုက်ရသေးတယ်...

" ကျန့်ကျန့် ကော ထမင်းဘူးပြင်ပေးထားတယ်နော်...ယူသွားလိုက်ဦး..."

" အင်းပါ...ကော မြန်မြန်လာတော့နော်..."

ဘာလိုလိုနဲ့ သုံးလတောင် ကြာသွားခဲ့ပြီ...။ ကျွန်တော် ကောနဲ့လက်ထပ်ဖြစ်သွားခဲ့ပါတယ်...။  အဲ့နေ့က တစ်နေ့လုံး Yibo ဆီက ဖုန်းဖြစ်ဖြစ် Messageနဲ့ ဖြစ်ဖြစ် ဆက်သွယ်လာမလား တစ်နေလုံးစောင့်နေခဲ့တာ...။ တကယ်လို့များ အဲ့နေ့ကသာ သူဆက်သွယ်လာမယ်ဆိုရင်...တာဝန်ယူပေးပါမယ်လို့များ ပြောလာခဲ့ရင် သူ့ကိုပဲ ရွေးချယ်လိုက်တော့ဖို့ ဆုံးဖြတ်ခဲ့တာ...။ ဒါပေမယ့် သူတစ်နေ့လုံး မဆက်သွယ်လာခဲ့တာ ဒီနေ့ထိတိုင်အောင်ပါပဲ...

အဲ့လိုနဲ့ပဲ ကောကို ကျွန်တော်လက်ခံခဲ့တယ်...။ လန်အိမ်တော်နဲ့ Xiao အိမ်တော်ရဲ့ မင်္ဂလာပွဲမို့ အကြီးအကျယ်လုပ်မယ်ထင်ခဲ့ကြပေမယ့် ကျွန်တော်တို့ ရုံးတက်လက်မှတ်ထိုးပြီး သတင်းစာမှာ ကြော်ငြာတာလောက်ပဲ လုပ်ခဲ့ကြတာ...။ မင်္ဂလာပွဲကို Yibo လည်း ရောက်မလာခဲ့သလို အဲ့နေ့မှ သိလိုက်ရတာက ကော အဖေနဲ့အမေက ကောနဲ့ ကျွန်တော်လက်ထပ်တာ သဘောမတူဘူးဆိုပဲ...။ အဲ့ဒါကြောင့် သူတို့လည်း လာတောင်မလာခဲ့ကြဘူး...လန်သခင်ကြီး တစ်ယောက်ထဲကသာ ကော အဖေနေရာကနေ နေပေးခဲ့တာ...

Endless Flowers [Completed]Where stories live. Discover now