Chapter 6

6.3K 902 181
                                    


မိုးနည်းနည်းစဲသွားမှပဲ သူ့ကိုလွှတ်ပေးလိုက်ရတော့တယ်...။ ဒီတစ်ခါတော့ တကယ်ကောက်သွားပုံပင်...ကျွန်တော့်ကိုတောင် မစောင့်တော့ဘဲ အရင်ထွက်သွားတာမို့ ပြေးလိုက်‌နေရပြီ...

" Xiaozhan...နေဦး ငါပြန်ပို့ပေးမယ်‌လေ..."

" မလိုဘူး...ကားငှားပြန်လိုက်မယ်...နောက်လည်း ငါ့ဆီမလာနဲ့တော့... Taxi..."

သူက လှမ်းတားလိုက်တော့ taxi တစ်စီးက ထိုးရပ်လာတာကြောင့် မစီးသေးဘူးဆိုပြီး taxi ဦးလေးကြီးကို ပြန်ပြောလိုက်ရတော့တယ်...။ သူ့လက်ကိုဆွဲပြီး ဆိုင်ကယ်နားဆွဲခေါ်လာတော့လည်း တဒုန်းဒုန်းနဲ့ ခြေထောက်ကို ပိတ်ပိတ်ကန်ပြီး လိုက်လာနေတာမို့ လမ်းက လူတွေတောင် ကွက်ကြည့် ကွက်ကြည့် လုပ်သွားကြပြီ...

ဖြစ်နေတာ ဖြစ်နေတာ...။ နမ်းမိတာလေးကိုများ အဲ့လောက်စိတ်ဆိုး‌နေရင် first time များယူမိလိုက်လို့ကတော့ သတ်ပါသတ်ပစ်မလား မသိဘူး...

" အဲ့လောက် မကန်နဲ့လေ...အကြီးကို ကန်စရာလား..."

" ဒါဆိုလွှတ်လေ...ငါ့လက်နာနေပြီ...။ လူလယ်ကောင်မှာတောင် ဆွဲလားရမ်းလား လာလုပ်နေတာနော်..."

" အဆွဲမခံချင်ရင် ကောင်းကောင်းလိုက်ခဲ့..."

" ဒီနေ့ ငါ့ကိုလုပ်ခဲ့သမျှကို ကောကိုပြန်တိုင်မှာ..."

" သူ့ကို တော်တော် အားကိုးနေတယ်ပေါ့..."

ဆိုင်ကယ်ပေါ် မတင်လိုက်ပြီး ဦးထုပ်တောင် ‌ဆောင်းပေးမနေတော့ဘဲ မောင်းထွက်လာလိုက်တော့သည်...။ လမ်းမှာ အဖမ်းခံရရင်လည်း သူ့ကိုပဲ ထည့်ပေးလိုက်ဦးမယ်....ပေါက်လာပြီ...

သူတို့အိမ်နားမရောက်တရောက်ကျမှ ရပ်ပေးလိုက်ပြီး ဆင်းခိုင်းလိုက်တော့လည်း ဆင်းပြေးတာပဲ...။ တစ်လမ်းလုံး ဘာစကားမှမပြောသလို ပြောရင်လည်း မသိချင်ယောင်ဆောင်ပြီးပဲ  လိုက်လာခဲ့တာ...။ ဒီလောက်ကြီး ကျွန်တော့်အပေါ် ခါးခါးသီးသီးဖြစ်နေတာကို ဝမ်းနည်းသွားမိပေမယ့် သူ မထွက်သွားခင် ကောင်းကောင်းသွားဦးလို့ လှမ်းပြောမိလိုက်တာတောင် လှည့်ကိုမကြည့်တော့...

ကျွန်တော် စတာ တော်တော်လွန်သွားတယ် ထင်ပါတယ်...

_____

Endless Flowers [Completed]Where stories live. Discover now