Part 46

4.5K 576 86
                                    

Unicode

မနက်ခင်း ပုံမှန်ကြားနေရတတ်သည့် ငှက်အော်သံ တကျီကျီအစား ဖုန်းသံတဒီးဒီးက အတော်ကိုစိတ်အနှောင့်အယှက်ပေးသည်မို့ မျက်လုံးမဖွင့်ခင်တွင်ပင် မျက်မှောင်အရင်ကြုတ်လိုက်မိသည်။ စောင်ထုပ်ကြီးအတွင်းမှ လက်တစ်ဖက်ထွက်လာကာ တောင်စမ်းမြောက်စမ်းလုပ်ကာ ရှာမိသည်။ ​အေးစက်စက်ပြောင်ချောချော အရာကိုကောက်ကိုင်မိသည်နှင့် စောင်ထဲဆွဲယူကာ contact name ကိုပြူးပြဲကြည့်လိုက်သည်။

tao....

နာရီကိုကြည့်လိုက်မိသည်။ မနက် ၆နာရီပင်မထိုးသေး။ အလုပ်သွားဖို့လိုသေးသည့်အချိန် မနက်စောစောကြီးကို ဒင်းကဘာကြောင့် အနှောင့်အယှက်လာပေးမှန်းမသိ။ ညကတည်းက chanyeol နှင့်ပျော်ပါးပြီးပြန်လာသည့်အချိန် နောက်ကျ၍ အိပ်ရေးဝဝအိပ်ရမည်ဆိုကာမှပင်။ မဖြေချင်ဖြေချင်နှင့် အစိမ်းခလုတ်အားဆွဲကာ နားနားကပ်လိုက်သည်။

"ငဘတ်..!"

တိုးညှင်းညှင်းထွက်လာသည့် အသံကြောင့် baekhyun ဖုန်းကိုနောက်တစ်ခေါက် သေချာအောင်ပြန်ကြည့်လိုက်သည်။ သူမဟုတ်တဲ့အတိုင်း။

"ဘာလဲ.."

"မင်း....."

အသံကိုဆွဲသွားပြီး ပြောသင့်မပြောသင့် ချိန်ဆနေသည့်ဟန်။ baekhyun မျက်လုံးပိတ်ကာ နားစွင့်နေရင်းမှ စိတ်မရှည်စွာပင် ပက်ခနဲဖွင့်လိုက်သည်။

"မင်း.. SNS သုံးလား.."

baekhyun အိပ်ချင်မပြေသေးသည့် လေသံဖြင့် ဖြေးဖြေးချင်း ပြန်ဖြေလိုက်သည်။

"ရှိတော့ရှိပေမယ့် မသုံးဘူး.. စောစောစီးစီးဆက်တာ အဲ့ဒါမေးဖို့လား.."

"မဟုတ်ဘူး! ဟိုဟာ..."

baekhyun ဖြေးဖြေးချင်း ငုတ်တုပ်ထထိုင်ရင်း စိတ်မရှည်စွာအော်လိုက်သည်။

"Tao ရာ!! ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့! မင်းမဟုတ်တဲ့အတိုင်းဘဲ!"

ထိုအခါမှ tao ဘက်က သက်ပြင်းချသံတစ်ချက်နှင့်အတူ အသံထွက်လာ၏။

"SNS ထဲတစ်ချက်ဝင်ကြည့်လိုက်ဦးလို့ပြောမလို့..... နည်းနည်း... မဟုတ်.. တော်တော်ပြဿနာတက်နေထင်လို့.. ငါထင်တာမမှားဘူးဆို... မင်းနဲ့လည်းဆိုင်သလားလို့..."

H Y U N GTempat cerita menjadi hidup. Temukan sekarang