*Zawgyi Version*
အိမ်ပြန်ရောက်တော့ မားရော၊ ပါးရောပြန်မရောက်သေး။
ရေမိုးချိုးပြီး ဗိုက်ဆာသော်လည်း မားပြန်လာမှ တူတူစားမည်ဟု တွေးကာအိမ်စာအရင်ထိုင်လုပ်နေလိုက်သည်။Baekhyun၏ စာကြည့်စားပွဲသည် ပြတင်းပေါက်ဘက်နှင့် မျက်နှာချင်းဆိုင်တွင် နေရာချထားခြင်းဖြစ်သည်။ ညနေစောင်းလေးဖြစ်၍ စာကျက်နေရင်း တစ်ချက်တစ်ချက် လေဝှေ့လိုက်ရုံဖြင့် စိတ်ကြည်လင်စေသည်။
ကျောင်းတက်ရသည်မှာတစ်ပတ်တောင်မပြည့်ချင်သေး။ အဲ့ဒါကို ကျောင်းကဆရာမများက စာမေးပွဲနဲ့ကိုင်ပြီး ခြိမ်းခြောက်နေကြလေပြီ။ ထိုအခါ အမောင်baekhyunတို့လည်း စာမကျက်၍မရ။ ဆယ်တန်းဖြစ်လို့အရေးကြီး၍ အမေကကျူရှင်များ ဘာညာထားပေးဖို့ မေးပါသေးသည်။ baekhyunကသာ ကိုယ့်ဘာသာလုပ်နိုင်တယ် ဟူ၍ငြင်းခဲ့ခြင်းဖြစ်သည်။
ကိုယ့်ဘာသာ အိမ်မှာစာပုံမှန်လုပ်လျှင်ပင် အဆင့်ချိတ်သေးသည်။ စာလုပ်တာခြင်းတူတူ ပိုက်ဆံအကုန်ခံပြီး လုပ်မှ အကျိုးထူးသည်မဟုတ်ဟု baekhyun ဘာသာတွေး၍ ရအောင်လုပ်သည်။
ထို့ကြောင့် baekhyun တစ်ကျောင်းလုံးတွင် အတော်ဆုံးမဟုတ်သော်ငြား အတန်းထဲတွင်တော့မျက်နှာပွင့်သည်။ ထို့ကြောင့် ဆရာ၊ဆရာမများကြားတွင်လည်း 'baekhyun' ဟူသောနာမည်တစ်လုံးပျံ့နေသည်မှာ မထူးဆန်းတော့ပေ။ တချို့တချို့သောဆရာမများကတော့ သူတို့ကျူရှင်တွင် မတက်ရကောင်းလား ဟူသဖြင့် နှိမ်ချင်ကြသည်ကလည်း ရှိသည်။
အဲ့ဒါတော့ဂရုမစိုက်ပါလေ..။ထို့ကြာင့်လည်း မားက ကျောင်းစာကိစ္စနှင့်ပတ်သတ်လျှင် ဘာမျှဝင်မပြောဘဲ လွှတ်ထားပေးခြင်းပင်ဖြစ်သည်။အတွေးနဲ့အတူ သင်္ချာတွေတွက်နေရင်း အမှားပါသွားသဖြင့် ကျစ်တစ်ချက်စုပ်သတ်၍ correction pen လိုက်ရှာရသေးသည်။ လက်တစ်ဖက်ဖြင့်စာရေး၍ နောက်တစ်ဖက်ဖြင့်လိုက်ရှာနေသော်ငြား မတွေ့သဖြင့် ခေါင်းထောင်လိုက်မိသည်။
"Omma!!"
ထိုအခါတွေ့ချင်သည့်correction penကိုမတွေ့ပါဘဲ တွေ့လိုက်ရသည်က လူတစ်ယောက်မျက်နှာ။ အဝေးတွင်ထိုင်၍baekhyunကိုသေချာမေးထောက်လျက် ကြည့်နေလေသည်။
တစ်နည်းဆိုရသော် baekhyun၏ မျက်နှာချင်းဆိုင်အခန်းမှ လူတစ်ယောက်ဖြစ်သည်။ baekhyun စစချင်းလန့်သွား၍ ရင်ဘတ်ဖိအော်လိုက်တော့ တစ်ဖက်လူကရယ်သံ ခပ်သဲ့သဲ့ထွက်ကျလာလေသည်။
YOU ARE READING
H Y U N G
Fanfictionငယ်ငယ်ကတည်းက hyung လို့ခေါ်ကာ အမြဲနောက်ကတကောက်ကောက် လိုက်နေခဲ့တဲ့ ကောင်လေးက ကြီးတဲ့ထိ မပြောင်းလဲခဲ့~ ငယ်ငယ်ကတည်းက hyung လို့ခေါ်ကာ အမြဲနောက်ကတကောက်ကောက် လိုက်နေခဲ့တဲ့ ကောင်လေးက ကြီးတဲ့ထိ မပြောင်းလဲခဲ့~ Written by aHMUE. [Zawgyi + Unicode] This cove...