Part 23

4.2K 508 5
                                    

Unicode

ထိုအချိန်မှစတင်ကာ Chanyeol သည် baekhyun ထံသို့ အနည်းဆုံး တစ်ပတ်တစ်ခါတော့ မပျက်မကွက် ဖုန်းခေါ်လေ့ရှိသည်။ ထိုအပတ်တိုင်းလည်း baekhyun အိပ်ရေးပျက်ရမြဲ။ ညနက်သည်အထိ ဖုန်း​ပြောသောကြောင့် အိပ်ရာဝင်နောက်ကျသည်ထက် ထို စကားကြောင့်လည်း အတွေးကြောင်ကာ အိပ်ပျော်ရန်နောက်ကျပြန်သည်။ ထိုစကားစုအား baekhyun တည့်တိုး တိုက်ရိုက်မမေးသကဲ့သို့ chanyeol ဘက်မှလည်း အထူးတလည်ရှင်းပြနေခြင်းမရှိ။ သို့သော်ငြား chanyeol သည် ထိုစကားစုအား ပြောပြီးချင်းချင်းပင် သူ့ဘက်မှအရင်ဦးစွာ ဖုန်းချချသွားမြဲဖြစ်သည်။

ထိုကဲ့သို့ အပတ်တိုင်းတွင် အိပ်ရေးပျက်ရသော်ငြား ပိတ်ရက်အတွင်းပေမို့ သိပ်ဂရုမစိုက်ဖြစ်။ တစ်ခါတစ်လေ မျက်ကွင်းမည်းများကို သတိထားမိသည့်မားကလည်း အမေးရှိလာသည်။ "​ဗြောင်ဘတ်နင် ရည်းစားရှိနေပြီလား" တဲ့။

ထိုအမေးကြောင့် အိမ်ရှေ့ဧည့်ခန်းတွင် ခြေထောက်စင်းထိုင်ကာ TV ကြည့်နေရင်း အသီးစားနေသည့် baekhyun ပါးစပ်ထဲဝင်ခါနီးနေသော မက်မွန်စိတ်လေးပင် ပြန်ထွက်ကျရသည်။ အရှက်မရှိ ဆိုဖာပေါ်ပြုတ်ကျသွားသော ပန်းနုရောင် မက်မွန်စိတ်လေးအား ပါးစပ်ထဲကောက်ထည့်ကာ ဝူးဝူးဝါးဝါး အော်​ဟစ်ငြင်းဆိုလျက် ပြာပြာသလဲလဲ အပေါ်ထပ်သို့သာ တက်ကာ ရှောင်ပြေးခဲ့ရသည်။

baekhyun ယခုတွင် ဒုတိယနှစ်သို့ တစ်နှစ်ခုန်တက်သွားပြီး Chanyeol ၏ စကားလုံးများသည်လည်း ထပ်ဆင့်ခုန်တက်ကာ တဖြည်းဖြည်း ပိုမိုရဲတင်းလာသယောင်ထင်ရသော်ငြား ထူးဆန်းစွာပင် baekhyunလည်း ထိုအခြေအနေတွင် မွေ့လျော်နေသည်။ နေရခက်ခြင်းမရှိတော့ဘဲ ပိုလို့တောင်ဆိုးရွားလာပြီး တစ်ခါတစ်ရံ baekhyun ကအငယ်ဖြစ်နေသည်ဟုတောင် ထင်ရသည်။ တစ်ခုခု အသေးစိတ်ကအစ chanyeol အားတိုင်ပင်နေမိပြီး ပြဿနာတစ်ခုခုရှိလျှင်လည်း ပုရွက်စိတ်ကိုက်သည်မှအစ အိမ်ကမားနှင့်ရန်ဖြစ်သည်အထိ သေးသေးမွှားမွှား ကိစ္စလေးများအကုန် ကလေးတစ်ယောက်ကဲ့သို့ တစ်ခုမချန် အကုန်ပြောပြဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော်.... ကလေးတစ်ယောက်ကဲ့သို့ တိုင်ပြောကာ အယုအယ ခံချင်နေခြင်း။ သူ့ကိုယ်သူလည်းမသိသည်မဟုတ်။ ထူးဆန်းနေသည်ကို သိ၍ ထို့ထက်ပိုမဆိုးစေရန် ကိုယ့်စိတ်ကိုယ် အကြိမ်ကြိမ် နားချသော်ငြား ဖုန်းထဲမှထိုကလေးလေးအသံအား ကြားလိုက်သည်နှင့် byun baekhyun မဟုတ်တော့သည့်နှယ်။

H Y U N GUnde poveștirile trăiesc. Descoperă acum