Part 34

5.4K 645 40
                                    

Unicode

Baekhyun မနက်မိုးလင်းသည်နှင့် နှိုးစက်မမြည်ခင်တွင်ပင် အစောကြီးနိုးနေမိသည်။ သို့မဟုတ် ညတည်းက အိပ်မပျော်သေးသည်ဟု ဆိုလျှင် ပိုမှန်မလားမသိ။ ညကတည်းက chanyeol ပြောလိုက်သောစကားကြောင့် ယခုအချိန်ထိ အိပ်လို့မပျော်သေးသည့်အပြင် မျက်စိကြောင်ကာ မျက်နှာကျက်ကို စိုက်ကြည့်နေမိသည်မှာလည်း မည်မျှကြာပြီမှန်းမသိ။ ဖုန်းအားဆွဲယူကာ အချိန်ကြည့်လိုက်တော့ ထသင့်သည့်အချိန်ရောက်ပြီ။

ခန္တာကိုယ်ပေါ်တွင်နေရာယူထားသော စောင်အား လုံးထွေးဖယ်ချပြီးလျှင် ရေချိုးခန်းဘက်သို့ တဝါးဝါးသန်းရင်း လျှောက်သွားလိုက်သည်။ ရုတ်တရက် ရေချိုးခန်းထဲရှိ မိမိပုံရိပ်ကို ပြန်မြင်လိုက်ရသည့်အခိုက် baekhyun သန်းနေသည့် ပါးစပ်ပင် ကြောင်အကာ အတောင့်လိုက်ဟလျက် ပြန်မပိတ်နိုင်တော့။ လျှာလေဖြတ်သွား၍ မဟုတ်သော်ငြား မှန်ထဲကပုံသည် အမှန်တကယ်ကို သူပေလား!?

မျက်လုံးဘေးပတ်ပတ်လည်တွင် ညိုမဲစွဲနေသည်မှာ အထိုးခံထားရသလား ဟုပင် မေးချင်စရာ။ တစ်ညလုံးမအိပ်ထားသည်ကိုပင် ပါးနှစ်ဖက်က ဖောင်းကားနေသေးသည်မို့ စားသမျှ ပါးဆီမှာဘဲ လာစုနေသလား ထင်ရသည်။

ဤကဲ့သို့ပုံစံနှင့် chanyeol ရှေ့သွားရမည်တဲ့လား။မနေ့ကလေးတင် လတ်လတ်ဆက်ဆက် ချစ်ရေးဆိုခံထားရသည်ကို ယခုမနက်ကျ မျက်တွင်းဟောက်ပက်နှင့် လူရုပ်ပင်မထွက်သည်ဆိုတော့ကား အပျော်လွန်နေမှန်း အရမ်းသိသာနေမလားမသိ။

ကိုယ့်အတွေးကိုယ်ပြန် ဆန်းစစ်မိပြီးနောက် အသိစိတ်ဝင်စေရန် ကိုယ့်ပါးကိုယ်ပြန်ရိုက်ကာ ခေါင်းခါထုတ်လိုက်ရသည်။

အပျော်လွန်ရအောင် ဘာကိုအပျော်လွန်ရမှာလဲ!!!
ဒီတိုင်းဘဲ....

အိပ်ရေးမဝသေး၍ထင်သည်။
ကိုယ့်အတွေးများကို ကိုယ်တိုင်ပင် လိုက်မမှီတော့။ မြန်မြန်ပြင်ဆင်ဖို့သာ ခေါင်းထဲထည့်ရင်း မျက်နှာသစ်ချလိုက်တော့သည်။

တီရှပ်အနက်အား ဝတ်ပြီးသည်နှင့် အပေါ်မှ အနွေးထည်ခပ်ထူထူ ထပ်ဝတ်ကာ ရုပ်ကြည့်ကောင်းအောင် တစ်ချက်နှစ်ချက် ပြင်ရသေးသည်။ ဤပုံစံကြီးနှင့်တော့ chanyeol ရှေ့မသွားချင်၍ ဟူသောအကြောင်းပြချက်ဖြင့်။ အောက်ထပ်တွင် ကြားနေရသော အိုးသံခွက်သံကြောင့် မားဆိုင်မသွားသေးမှန်း သိလိုက်သည်။ မားအား နှုတ်ဆက်ပြီးသည်နှင့် လမ်းတစ်လျှောက် ထွက်လာခဲ့လိုက်သည်။

H Y U N GWhere stories live. Discover now