Part 39

5.6K 677 47
                                    

Unicode

baekhyun ပုခုံးလျှောကျချင်နေသည့် အင်္ကျီဖားရားကြီးအား တစ်ချက်ပြန်ဆွဲတင်ကာ ဧည့်ခန်းထဲလျှောက်ပတ်ကြည့်ရန် ထလာမိသည်။ ယခုလက်ရှိ အိမ်တွင် chanyeol မရှိ။ လူကိုဘယ်အချိန်ထိဆွဲထားမလဲမသိသော်ငြား ယခုနေ့လည် ၁နာရီရှိပြီဖြစ်သည်။ မနက်စာဟုမဆိုသာသော မနက်စာကို chanyeol နှင့် စကားပြောရင်းအတူတူ စားပြီးသည့်အချိန်တွင် နေ့လည် ၁၂နာရီထိုးပြီဖြစ်သည်။

သူ့ကိုယ်သူ နေမကောင်းချင်ဖြစ်နေသည်ဟူသော ကလေးသည် နေ့လည်စာစားရန်အတွက် နီးနီးနားနား market ခဏသွားဦးမည်ဆိုကာ ထွက်သွား၏။ baekhyun လိုက်မည်ဟုဆိုတော့လည်း အိမ်တွင်နားနားနေနေ နေရန် တဖွဖွဆိုရင်း ​ထွက်သွား၏။

"hyung အိမ်လို့သဘောထားပြီး ကြိုက်သလိုနေလို့ရတယ်နော်.."

ဟူ၍ ခပ်ပြုံးပြုံးပြောသည့်ပုံက မည်သည်ကိုဆိုလိုချင်မှန်းမသိသော်ငြား baekhyun ခေါင်းငြိမ့်ပြလိုက်မိသည်။ ယောကျ်ားလေးတစ်ယောက် နေသည့်အိမ်ဟု မထင်ရစွာပင် တစ်ခန်းလုံးရှင်းသန့်နေသည်မှာ baekhyun အတွက်တော့ မထူးဆန်းတော့။ ငယ်ငယ်တည်းက chanyeol အခန်းထဲသွားကြည့်လိုက်လျှင်တောင် အမြဲရှင်းသန့်နေတတ်သောကြောင့် chanyeol အသန့်အပြန့်ကြိုက်မှန်းသိသည်။

ထို့အတူ baekhyun အခန်းထဲရောက်လျှင်လည်း ရှုပ်ပွနေသော အခန်းပတ်ပတ်လည်ကို မနေနိုင်မထိုင်နိုင် ရှင်းပေးမြဲဖြစ်သည်။ သို့သော်ငြား baekhyunအား ပွစိပွစိတော့မဆိုရဲ..။ ဆရာမလုပ်နဲ့ဟူသောတစ်ခွန်းတည်းနှင့် ခေါင်းခေါက်ရင်ခေါက် မဟုတ်လျှင် နားရွက်အဆွဲခံရတတ်သောကြောင့်။

ရုတ်တရက်တွေးမိသော အတွေးတို့ကြောင့် မနေနိုင်စွာပင် တစ်ချက်ပြုံးလိုက်မိသည်။ မျက်နှာပြင်အလွန်ကျယ်လှသော TV ကြီးက နံရံနှင့်တစ်ဆက်တည်း ချိတ်ထားပုံရသည်။ TV အောက်တွင် အကြည်ရောင် စတီလေးတစ်လုံးရှိပြီး အင်္ဂလိပ်ဂျာနယ် မဂ္ဂဇင်းများကို စီစီရီရီထပ်ထား၏။ ထိုနောက်မှာမှ TV နှင့်ဆက်နွယ်နေသော စက်ပစ္စည်းအမျိုးမျိုးကို ကြိုးနှင့်ချိတ်ဆက်ထား၏။ လက်နှင့်ဆွဲသွားသည့်တစ်လျှောက် ဖုန်တစ်စက်မရှိ။

H Y U N GWhere stories live. Discover now