11.သုံးပွင့်ဆိုင်လာတဲ့အခါ😭

Start from the beginning
                                    

"သက်သာရဲ့လား ညီ "

"ဟုတ်ကဲ့ ဒေါက်တာ ခေါင်းတော့ နည်းနည်းကိုက်နေတယ်"

" ညီထိထားတဲ့ဒဏ်ရာက အရှိန်တော်တော်ထိထားတာ
အနောက်ကနေထိတာ မဟုတ်ပဲ နှဖူးကနေထိတာဆိုတော့ ညီအတော်ကံကောင်းသွားတာ နောက်မို့ဆို အတိတ်ပါမေ့သွားနိုင်တယ်"

"......"

"တစ်ပတ်ကိုတခါတော့ ကျောက်ပတ်တီးလာစီးပေးမှရမယ်
ခြေထောက်အခြေအနေမြန်မြန်သက်သာဖို့ဆိုရင်လေ"

"ဟုတ်ကဲ့ ဒေါက်တာ ကျနော် သူ့ကို တစ်ပတ် တခါ ဆေးရုံမှာလာပြပါ့မယ်"

ဒေါက်တာသည် သူစမ်းသပ်ပြီးသောနားကျပ်ကို ဘူးအလွတ်ထဲ​​သို့ပြန်ထည့်ရင်း
ဆေးထိုးပြီးသော ဆေးထိုးအပ်တစ်ချောင်းကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ကာ
ဘေးနားရပ်နေသော သူနာပြုဆရာမလေးကိုလည်းစာရွက်တရွက်လှမ်းပေးရင်း

"ဆရာမ ဒီညီလေးအတွက် ဆေးစာ သူ့ကိုလိုတာတွေ လုပ်ပေးလိုက်ပါဦး"

"ဒါဆို ကျနော်ကိုခွင့်ပြုပါဦး" ဆိုကာ ဘေးနားကှိသူ့ဆေးအိတ်ကိုပြန်ယူကာ သုတကို နှုတ်ဆက်ပြီး အခန်းထဲမှထွက်သွားလေသည်။

သူနာပြုမလေးသည်လည်း သုခ လိုအပ်သည်များကိုလုပ်ထားပေးခဲ့ပြီး ပြန်ထွက်သွားလေသည်။

ထိုအချိန် သုတတို့မိဘတွေရောက်လာပြီး

"အမယ်လေး သားရယ် ဘယ်လိုတောင်ဖြစ်ရတာလဲ"

သုခအမေက စိတ်ရိမ်မှု့အပြည့်မျက်ဝန်းတို့ဖြင့် သုခခေါင်းလေးကိုကိုင်ပြီး ပြောလိုက်လေသည်။

"အရမ်းတော့ မစိုးရိမ်ရတော့ပါဘူးတဲ့ ခုနပဲ ဆရာဝန်ကပြောသွားတာ"

သုတလည်း သူ့အမေရဲ့ပြာပြာသလဲ မေးခွန်းတို့ကို အမြန်ဖြေရှင်းရင်း ။

" ဟုတ်တယ် အန်တီနဲ့ ဦးလေး ခ သက်သာပါတယ် ခြေထောက်ကလည်း တစ်ပတ်တစ်ခါ ပုံမှန်လာပြရင် အရင်ကလိုပြန်ကောင်းလာမှာပါတဲ့"
သုခလည်း သူ့ကိုစိတ်ပူနေတဲ့ ကျွေးကျေးဇူးရှင်နှစ်ဦးကို စိတ်မပူရန်ပြောလိုက်ပါသည်။

Ringing........

"သုခ သတိရပြီလား ငါမနက်စောစော ဆေးရုံလာခဲ့မယ်
"

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now