စာစဉ် ၃၂ ( ၂၅ + ၂၆ )

Start from the beginning
                                    

“သွား.အိပ်.တော့”

ဒီအချိန်တွင် ရီဝမ်ဝမ်သည် အလွန်အမင်းပင် စိတ်ဓာတ်ပြင်းပြလို့ နေလေရာ သွားအိပ်မည့်အကြောင်း လုံးဝရှိမနေပါချေ ။
“မအိပ်ချင်ဘူး ။ မင်းလေးနဲ့ ပဲ အိပ်…ချင်…တာ”

“၀ှစ်ခ်ျ…” ကောင်းကင်ကြီး ချာချာလည်သွားသလိုပင် ။

တစ်စက္ကန့် အတွင်းပင် ရီဝမ်ဝမ်အား လှဲဖိခံလိုက်ရ၏ ။

စီရီဟန်၏အသက်ရှူသံတို့ သည် မြန်သထက်မြန်ဆန်လာပြီး အံတို့ ကို ကြိတ်ကာ သူ့ အောက်က မိန်းကလေးအား ကြည့်နေသည် ။

ရီဝမ်ဝမ်သည် ထိုဒေါသတို့ ပြည့်နေသည့် အေးစက်စက်မျက်နှာအား စိုက်ကြည့်နေသည် ။ သူမသည် ပဟေဠိဖြစ်နေပြီး ခေါင်းကို စောင်းကာ စောင်းကာဖြင့် သူ့ အား မေးခွန်းထုတ်လာသည် ။
“အာ…အချောလေး၊ မင်းကို ဘာလို့  အရမ်းရင်းနှီးနေတာ ပါလိမ့် ။ ငါတို့  တနေရာရာမှာ တွေ့ ဖူးလား”

စီရီဟန်သည် ဒါကို ကြားလိုက်သည်နှင့်
မျက်လုံးတို့  ကျဉ်းကျုံ့ လာတော့သည် ။
“ဟုတ်လား”

ရီဝမ်ဝမ်သည် အတည်ကြီးပင် ခေါင်းညိတ်ပြလာသည် ။
“ဟုတ်တယ်…အချောလေး၊ ရှင်က…ကျွန်မကလေးရဲ့အဖေနဲ့  တူနေတာပဲ”

စီရီဟန် ။  “…”

စီရီဟန်၏မျက်နှာမှာ အိုးဖင်အလား မည်းချိတ်သွားရသည် ။

သူမမှာ ဘယ်တုန်းကများ ကလေးရှိသွားတာလဲ ။

စီရီဟန်သည် စောင်တစ်ထည်ကို ယူလိုက်ပြီး ရီဝမ်ဝမ်အား ခေါင်းလေးပဲ ဖော်ကာ ကျပ်ထုပ်နေအောင် ပတ်ခြုံပေးလိုက်ပြီး အမိန့် ပေးလိုက်၏ ။
“အိပ်တော့”

ဖက်ထုပ်လို အထုပ်ခံလိုက်ရသည့် ရီဝမ်ဝမ် ။
“အာ…အချောလေး…ဘာလုပ်တာလဲ…။ ကျွန်မ တကယ်ကြီး ပြောနေတာ… ရှင် မယုံဘူးလား ။ ဒါဆို အခုပဲ ကလေးရအောင် လုပ်ကြမယ်ဆိုရင်ရော”

စီရီဟန် ။  “ပါးစပ်ပိတ်”

ရီဝမ်ဝမ် ။  “ပိတ်ပေး…အာ…”

စီရီဟန်အဖို့  ဘယ်လိုမှ ထပ်သည်းမခံနိုင်တော့ ။
သူမလေးကို စကားထပ်မပြောစေဖို့ ရာအတွက် သူမပါးစပ်အား ပိတ်ပေးလိုက်ရ၏….

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now