စာစဉ် ၃၂ ( ၂၅ + ၂၆ )

Start from the beginning
                                    

ရီဝမ်ဝမ်သည် လက်ပေါ် ခေါင်းတင်ပြီး အိပ်ရာထဲတွင် စိတ်ရှုပ်ထွေးစွာ လှဲနေသည် ။

အခုချိန်တွင် စီရီဟန်သည် အ၀တ်အစားချွတ်နေ၏ ။

ရီဝမ်ဝမ်သည် သူ့ အား မျက်တောင်တစ်ချက်လေးမှ မခတ်ဘဲ စူးစူးရဲရဲ ကြည့်လို့ နေသည် - သူ သွားရာနောက် သူမမျက်ဝန်းတို့ က ထပ်ကြပ်မကွာ အနောက်ကတကောက်ကောက် လိုက်ကြည့်နေ၏ ။

စီရီဟန်သည် ညအိပ်ဝတ်စုံလဲဝတ်ပြီးသွား၍ ခေါင်းအုံးပေါ် ခေါင်းချလိုက်သည့်တခန ရီဝမ်ဝမ်သည် ချက်ချင်းပင် သားကောင်အား ခုန်အုပ်တော့မည့်ကြမ်းတမ်းရက်စက်သည့် တောရိုင်းကောင်ကြီးနှယ် အသွင်ပြောင်းသွားတော့သည် ။ သူမလေး ချက်ချင်းပင် ခုန်အုပ်ပစ်လိုက်ပြီး သူ့ ကိုယ်အပေါ်ပိုင်းအား သူမကိုယ်နှင့် တက်ဖိထားပြီး
သူ့ အား တပ်မက်စွာ စူးစိုက်ကြည့်နေသည် ။

“အချောလေး…မင်းက အရမ်းချောလိုက်တာ ။
မင်း နာမည် ဘယ်လိုခေါ်လဲ”

စီရီဟန် ။  “…” ကြည့်ရတာ လုံးဝအသိစိတ်ပါ လွတ်နေတဲ့ပုံပဲ…

ရီဝမ်ဝမ် ။  “အချောလေး…မင်းကို နိမိတ်ဖတ်ကြည့်ပေး ရမလား။ ကိုယ်က အရမ်းမှန်တယ်နော်”

စီရီဟန် ။  “…”

ရီဝမ်ဝမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လာသည် ။
“အာ…အချောလေး၊ ဘာလို့ ပြန်မဖြေတာလဲ ။ ဒီညက မလှလွန်းဘူးလား ။ အချိန်က အရမ်းအဖိုးတန်တယ် - တစ်နာရီရဲ့လေးပုံပုံတစ်ပုံကလည်း ရွှေတုံးတစ်ထောင် လောက်ထိ အဖိုးတန်တယ် ။ ကိုယ်တို့ ရဲ့အချိန်တွေကို တန်ဖိုးရှိတာတစ်ခုခု လုပ်ကြရင်မကောင်းဘူးလား”

ရီဝမ်ဝမ်သည် ပြောရင်းဆိုရင်း သူ့ နားသို့  တိုးကပ်လာတော့၏ ။ တစ်ယောက်နဲ့ တစ်ယောက်၏ ထွက်သက်ဝင်သက်တို့ ကို ခံစားမိလောက်အောင်ထိ နီးကပ်လို့ လာခြင်းပင် ။ သူမလေး၏ပိတုန်းရောင်ဆံကေသာတို့ မှာ သူ့ ရင်ဘတ်ပေါ် ၀ဲကျလာချိန်…

စီရီဟန် ။  “…”

စီရီဟန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ထိုမိန်းကလေးက ဖက်ထားသည့် သူ့ ကိုယ်အား တည်ငြိမ်အောင် လုပ်လိုက်ရင်း ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now