အိပ်ပျော်နေပုံရတဲ့ Kong ကို ကောင်မလေးက တချက်ကြည့်ရင်း သူ့ကိုပြုံးပြလာတော့မှ အကြောင်းအရင်းကိုသိတော့တယ်။ Kongpop Sutthiluck ကြောင့်ကိုး ..

" ဟို ... တို့က ဒုတိယနှစ် အနုပညာဌာန ပန်းချီမေဂျာက Cherry ပါ "

မိတ်ဆက်လာတော့လည်း အူကြောင်ကြောင်အပြုံးနဲ့ သူ ခေါင်းညှိတ်ပြလိုက်ပြီး ကောင်မလေးကိုအကဲခတ်
ကြည့်လိုက်တယ်။ နာမည်နဲ့လိုက်အောင်ကို ပါးနှစ်ဖက်က နီနီရဲရဲလေး ... အသားလည်းဖြူတယ် အသံကလည်း ချစ်စရာလေး ... သေးသေးပိစိလေးဖြစ်နေတာ
တော့ Kongpop ရဲ့အကြိုက်မဟုတ်ဘူးပေါ့ ။ May လိုပုံစံမျိုးကိုမှ Kongpop တို့က ကြိုက်တာကိုး ..

" ဟို .... တို့ ပန်းချီဆွဲဖို့လေ Model တယောက်လိုနေတာနဲ့ ... အဲ့ဒါ ကူညီနိုင်မလားလို့ ? "

ဟင် ... မေးမယ့်မေးတော့လည်း ပြတင်းပေါက်ကြီးခြား
ပြီး မေးရတဲ့အဖြစ်လား ? ပုံမှန်ဆို ကောင်မလေးတွေက Kong နဲ့နီးစပ်ချင်ရင် ကန်တင်းမှာထိုင်နေတုန်း ဖုန်းနံပါတ် လာတောင်းတာတို့ ၊ ကျောင်းပွဲတွေဘာတွေရှိရင် Booth ကိုလာပြီးကူရင်းနဲ့ ဘယ်ကလပ်သွားလဲတို့ အဲ့လိုမျိုးတွေ ရဲရဲတင်းတင်းလာမေးတာမျိုးတွေပဲ မြင်ခဲ့ဖူးတာ ... ။

" Kongpop ကို နေ့လည်စာစားချိန်ကျ ရှာပြီး ကိုယ်
တိုင်မေးကြည့်ပါလား ? ကျွန်တော်က အဲ့လိုမျိုးကျ ဝင်ပြောပေးလို့အဆင်မပြေဘူး "

" မဟုတ်ဘူး မဟုတ်ဘူး ! Kongpop  ကိုပြောတာမဟုတ်ပါဘူး။ တို့က တို့ရဲ့ Model အနေနဲ့ Arthit ကို အကူအညီတောင်းတာပါ "

" ဟမ် !? ကျွန်တော့်ကို !? "

မျက်လုံးပြူးရင်း ကိုယ့်ကိုကိုယ်လက်ညိုးထိုးပြပြီး မေးနေတဲ့ Arthit ကိုကြည့်ပြီး Cherry က ရှက်ပြုံးလေးပြုံးရင်း ခေါင်းကို ဖြေးဖြေးလေးညှိမ့်ပြတယ်။

" တို့လိုချင်တာက Arthit လို မျက်နှာအချိုးအစား
ပြေပြေပြစ်ပြစ်ဖြစ်တဲ့သူမျိုးလေ။ တို့အခုလိုပြောရင် တမျိုးကြီးဖြစ်မယ်ထင်ပေမယ့် အနုပညာအမြင်အရတို့ပန်းချီဆွဲဖို့အတွက်ဆိုရင် Arthit  လို မျက်နှာကျ နှုတ်ခမ်း မျက်လုံး နှာခေါင်း မေးစေ့ အဲ့ဒါတွေက ပိုထင်းစေမယ်လို့ ထင်လို့။ တို့ အရင် ကျောင်းမပိတ်ခင်တည်းက သေချာကြည့်ပြီး အကဲခတ်နေတာကြာခဲ့ပြီ။ ဒီနှစ်တော့ တို့ Arthit ပုံနဲ့အတန်းအောင်ချင်တယ် "

FRIEND ZONEWhere stories live. Discover now