3 - ( U )

662 65 11
                                    


ကိုယ့်အတွက်တော့ ဒုတိယနှစ်ကျောင်းသားဖြစ်လာတာက ကျောင်းစာပိုကြည့်ဖို့ ကျောင်းရဲ့လှုပ်ရှားမှုတွေမှာ တတ်နိုင်သလောက်လိုက်ပါဝင်နိုင်ဖို့ အတန်းမပျက် ဖို့ အာရုံပိုစိုက်ရမယ်လို့စဉ်းစားမိလာပေမယ့် Kong ကတော့ သူ့လိုမဟုတ်။

" အထက်တန်းကျောင်းထိတော့ ငါ့အဖေရွေးပေးတဲ့ကျောင်းကို ငါတက်ပြီးပြီ။အဲ့တော့ တက္ကသိုလ်ကိုတော့ ငါ ဒီမှာပဲတက်မယ်လို့ပြောထားတယ် မင်းနဲ့အတူပေါ့ "

" သွားသေလိုက် !! မင်း ငါ့ကို တက္ကသိုလ်ထိတော့လိုက် ဒုက္ခမပေးနေနဲ့ "

ပြောမယ့်သာပြောခဲ့တာ ... တက္ကသိုလ်ကို Kong နဲ့ အတူတက်ရမှာမို့လို့ပျော်ခဲ့မိသား။ အလယ်တန်းတည်းကစပြီး အထက်တန်းပြီးတဲ့အထိ ကျောင်းခွဲတက် ခဲ့ရတဲ့ သူတို့အဖို့ တက္ကသိုလ်က ကျောင်းသားဘဝကို အတူတူပြန်စနိုင်မယ့်နေရာ .... ။

" Arthit ... Kongpop ကို အန်ကယ် ဒီတက္ကသိုလ်ကို ရွေးချယ်ခွင့်ပေးလိုက်တာက မင်းကြောင့်လည်းပါတယ်။ အဲ့တော့ မင်းကို Kongpop အပေါင်းအသင်းမမှားဖို့နဲ့ သူ့ပညာရေးမထိခိုက်ဖို့ကို လိုက်စောင့်ကြည့်ပေးစေချင်တာ။ တခုခုမှားနေရင် အန်ကယ့်ကိုလာပြောပေးပေါ့ "

Kongpop အဖေ Mr.Sutthiluck က Aunty Nhom နဲ့ယှဉ်ရင်တော့ တအားအသက်ကြီးတဲ့ဘက်ရောက် နေပြီ။ ချမ်းသာတဲ့သူဌေးကြီးဖြစ်နေပေမယ့် အိမ်တွင်းရေးမှာတော့ Aunty Nhom လို တအားချစ်တတ်တဲ့မိန်းမမျိုး ရထားတာကလွဲရင် မွေးထားတဲ့သားနှစ် ယောက် လုံးက အားကိုးမရ ... အင်း အားမကိုးရဘူးလို့ပဲမြင်တယ်။

သူရော Kong ရော အဓိကမေဂျာကို စီးပွားစီမံယူခဲ့
ကြပေမယ့် နှစ်ယောက်လုံးစိတ်ပါဝင်စားလွန်းလို့ ရွေးချယ်ခဲ့ကြတာမဟုတ်။

" Shit!! ငါ Phor ကြောင့်သာမဟုတ်ရင်
Architecture ကိုယူမှာ :/ အမွေ အမွေ ... အဲ့အမွေနဲ့ပဲချိန်းခြောက်နေလို့ "

Kong က သူ့အဖေကြောင့် လိုချင်တဲ့မေဂျာကိုမရွေးနိုင် ခဲ့ပေမယ့် သူ့အတွက်ကရော ?

" မင်းရော စီးပွားစီမံက မင်းကြိုက်လို့လား ? "

" ကြိုက်တာမကြိုက်တာမသိဘူး ... လိုအပ်လို့ယူတာ "

FRIEND ZONEWhere stories live. Discover now