2 - ( Z )

478 35 0
                                    


ဒုန်း ဒုန်း ဒုန်း !!!!

" Art ... မင်း နိုးပြီမလား ? ပြန်မဖြေရင် ငါဝင်လာမှာနော် !! "

အခန်းတံခါးကို မတရားဝုန်းဒိုင်းကြဲထုနေတဲ့လက်သံကြောင့် အိပ်မှုံစုန်ဖွားနဲ့ အိပ်ရာပုံထဲက ငေါက်ကနဲ ထထိုင်လိုက်မိတယ်။ ဘယ်အချိန်ထဲက အဲ့ကောင် နိုးနေပြန်တာလဲ ???

" Art .. မင်း ငါ့ကိုရွေးချယ်စရာမရှိအောင်လုပ်တာနော် !! ငါ ဝင်လာမှ ငါ့ကို .. "

ဆောင့်အောင့်ဆွဲဖွင့်ပေးလိုက်တော့မှ တံခါးကိုမှီကာအော်နေတဲ့ သူဌေးလေးက အခန်းထဲကို ဝုန်းကနဲပြုတ် ကျလာတယ်။ ဘာမှမဖြစ်သလို ဖုန်ခါပြီးထလာရင်း ပြုံးစိစိနဲ့ အိပ်ရာပေါ်သွားထိုင်တဲ့ Kong ကြောင့်

" ငါ ... မနေ့ညက မင်းကြောင့်အိပ်ရေးပျက်ထားတာနော်။ ငါ့ကို ပေးမအိပ်ချင်ဘူးလား ? "

" အိပ်ပြီးပြီလေ ၅ နာရီလောက်။တော်ပြီပေါ့ .. ခုက ငါ မင်းကိုပြောဖို့မစောင့်နိုင်တော့လို့ လာပြောတာ "

အိပ်ရာထက်ကို လက်ပုတ်ပြလာရင်း လာနားထောင်ဖို့ခေါ်နေတဲ့ Kong ကို တံခါးနားကနေ ရပ်ကြည့်နေမိတယ်။

Kong က ...

အမြဲတမ်း ကျွန်တော့်အိမ်မှာ လာဆော့နေကျ Kong က Aunty Nhom လာလာအပ်ထားလို့ အိပ်လည်းပဲ စားလည်းပဲ ကျောင်းသွားလည်းပဲ ကျွန်တော်တို့အိမ်မှာပဲရှိနေတာများတယ်။ ပြောရရင် Rojnapat ရဲ့အိမ်မှာ အမွှာသားနှစ်ယောက်ရှိနေသလိုဖြစ်နေတာ။

ရှုပ်ထွေးလှတဲ့ Sutthiluck အိမ်တော်မှာ Aunty Nhom က ဒီအိမ်ကြီးသခင်ရဲ့ ပထမဇနီးဆုံးပြီးမှတရားဝင်ဇနီးဖြစ်လာတာဆိုတော့ အလယ်တန်းလောက်ရောက်မှ Kong က ရာထူးတဆင့်မြင့်သွားသလိုပေါ့။

" Por ကပြောတယ်။ ငါ မင်းတို့အိမ်မှာ သွားသွားနေနေတာမျိုးကို ရပ်လိုက်တော့တဲ့။ ဒီလိုတွေလုပ်ဖို့မလိုအပ်တော့ဘူးတဲ့ ... ငါ့ကိုတွေ့ချင်ရင် ငါ့ဆီကိုလာခဲ့နော် Art "

ကားအကောင်းစားကြီးတစီး Kong ကို ကျွန်တော်တို့ အိမ်ကနေ လာခေါ်သွားတုန်းက ခြံရှေ့မှာ Kong ပြောခဲ့တဲ့စကား။

မယားငယ်ရဲ့သားမို့ Kong ကို ထိုအိမ်တော်က ဘယ်တုန်းကမှ ဂရုစိုက်ခဲ့ဖူးတာမဟုတ်။ ဒါပေမယ့် Kong ကံကြမ္မာက နေ့ချင်းညချင်းပြောင်းသွားခဲ့တာကိုး။

FRIEND ZONEWhere stories live. Discover now