" Shit .... အိပ်မယ်လုပ်လိုက် နေထိုးလိုက်နဲ့ကွာ "နောက်ခုံကနေ တိုးတိုးလေးထွက်လာတဲ့ Kong ရဲ့
အသံကြောင့် Arthit ခေါင်းကိုဖြေးဖြေးလေးစောင်းရင်း ခိုးကြည့်လိုက်တယ်။ စာသင်နေတဲ့အချိန်တောင် အိပ်ဖို့ လုပ်နေပြန်တာလား ?စားပွဲခုံပေါ်ကိုခေါင်းချထားရင်း လက်မောင်းတွေနဲ့ မျက်နှာကို နေမထိုးအောင် ကာနေတဲ့ Kong ကိုမြင်ရ
ပြန်တော့လည်း သနားလည်းသနားမိတယ်။ ညက မအိပ်ဘဲ ဂိမ်းဆော့နေပြန်တာလားမသိ ? ပြတင်းပေါက်နားက အနောက်တန်းကို မခွဲနိုင်မခွာရက် အတူ
ကပ်ပါလာတဲ့ Kong ရဲ့အပေါင်းအဖော်တွေကို ကြည့်
ပြန်တော့လည်း အကုန်လုံးက Kong အဖြစ်နဲ့မခြားမနား။" Kong ~ မင်း အနည်းဆုံးတော့ ငိုက်မယ်ဆိုရင်တောင် မတ်မတ်ထိုင်ပြီး ငိုက်လေကွာ ~ မှောက်အိပ်နေရင် ဆရာဆူလိမ့်မယ် "
ပါးစပ်မလှုပ်ရုံတမယ် အံကြိတ်ပြီး အသံတိုးတိုးနဲ့ လှမ်းပြောမိလိုက်ပေမယ့်ည်း Kongpop Sutthiluck တို့က နည်းနည်းလေးမှ ဂရုစိုက်နားထောင်ချင်ဟန်မတူ။
" ကဲ ... ဆရာပေးထားတဲ့ပုစ္ဆာတွေကိုအရင်တွက်ထားလိုက်ဦး .. ဆရာရုံးခန်းဘက် ပစ္စည်းသွားယူပြီးပြန်လာခဲ့မယ် "
ဆရာထွက်သွားတာနဲ့ တစ်တန်းလုံးလှုပ်လှုပ်ရှားရှားနဲ့ အကြောဆန့်တဲ့သူကဆန့် စကားပြောတဲ့သူကပြော ဆူဆူညံညံပြန်ဖြစ်လာပေမယ့် Kong တို့ သူငယ်ချင်းတစ်စုကတော့ အသီးသီးစားပွဲပေါ်ကို ခြေပစ်လက်ပစ်မှောက်ကုန်ကြတယ်။
အင်း ... ကွက်တိပဲ။
မတ်တပ်ထရပ်လိုက်ရင်း Kong ဘေးနားက ပြတင်းပေါက်လိုက်ကာကို အသံမထွက်အောင်ဖြေးဖြေးချင်းဆွဲချပေးနေလိုက်တယ်။ နေထိုးတယ်သာပြောနေတာ ဒါမျိုးလုပ်ဖို့ကျတော့ Khun Kongpop တို့က မစဉ်းစားမိဘူးလားမသိ။
" Arthit မလားဟင် ? "
လိုက်ကာ တဝက်လောက်ရောက်လုဆဲဆဲ
အပြင်ပြတင်းပေါက်ဘေးမှာလာရပ်ရင်း မေးလာတဲ့ ကောင်မလေးကြောင့် ဆွဲချနေတဲ့ကြိုးကိုလွှတ်လိုက်ပြီး သူ ခေါင်းညှိတ်ပြလိုက်တယ်။ ပုံမှန်ဆို ပြတင်းပေါက်
ဘေးကဖြတ်သွားတဲ့သူတွေတော်တော်များများက အတန်းထဲကိုကြည့်လေ့မရှိကြပါဘူး ဘယ်လိုဖြစ်လို့ ...??
ESTÁ A LER
FRIEND ZONE