7 - (Z)

70 7 1
                                    

" ဘာလို့ သေချာယူမစားတာလဲ? ဒီပွဲကို Arthit မရှင်းရပါဘူးနော်။ Cherry ကျွေးမှာပါ "

ပန်းကန်ထဲကို ထည့်ပေးလာတဲ့ မာလာကြက်သားရဲ့အပေါ်ကို ချိစ်အရည်ဆမ်းပေးရင်း Cherry က ခပ်ပြုံးပြုံးပြောတယ်။

P'King ဆီက မက်ဆေ့ခ်ျကြောင့် အိမ်ကြီးဆီကို တမင်မသွားဘဲ Cherry ခေါ်တဲ့ စားသောက်ဆိုင်ကိုသာ ထွက်လာဖြစ်ခဲ့တာ။

အိမ်ပြန်မရောက်လောက်သေးဘူးထင်တဲ့ Kong ကိုလည်း မပြောဖြစ်လိုက်။

" တို့ကလေ Arthit ကို နှစ်ယောက်တည်း ဒီလို ညစာပျော်ပျော်ပါးပါးစားဖို့ ခေါ်ရတာ ခက်ခဲနေမလား စိုးရိမ်မိနေသေးတာ။ ချက်ချင်း လာမယ်ပြောလို့ တော်သေး "

" အာ...  မဟုတ်တာ ။ နှစ်ယောက်တည်းစားရလည်း ကျွန်တော် အဆင်ပြေပါတယ်။ Cherry က ကျွန်တော့်အတွက် သက်တောင့်သက်သာဖြစ်စေတဲ့သူမျိုးထင်တယ်။ ကျွန်တော် အဆင်မပြေစရာအကြောင်းမရှိပါဘူး "

Cherry က သက်တောင့်သက်သာ စိတ်အေးအေးချမ်းချမ်းနေလို့ရအောင် အမြဲနွေးထွေးစွာ ဆက်ဆံပေးတတ်သူမို့ ဒီလိုပြောလိုက်ခြင်းသာ။

Arthit အဖြေကြားတော့ လက်မှာကိုင်ထားတဲ့ တူချောင်းလေးကိုကိုက်ကာ Cherry က မျက်လုံးလေးတွေမှိတ်သည်အထိ ရယ်တယ်။

" ဒီလိုကြားရတာတော့ ဝမ်းသာပါတယ်။ သက်တောင့်သက်သာ ဖြစ်စေတဲ့အပြင် တခြား ခံစားချက်တွေဘာတွေရော မရှိတော့ဘူးလား? "

" ဗျာ?  "

" ပျော်တာတို့ Cherry နဲ့ လျှောက်လည်ချင်တာမျိုးတို့ပေါ့ "

" စိတ်ချမ်းသာတဲ့ခံစားချက်တော့...  "

" ဒီလောက်ဆို ရပြီ။ Cherry ကတော့ Arthit နဲ့လျှောက်လည်ချင်တယ် ပိုသိချင်တယ် ပျော်လည်းပျော်တယ် ပြီးတော့ ရင်တွေလည်း တဒိန်းဒိန်းခုန်တယ် "

ဘာမှမဖြစ်သလိုပုံစံလေးနဲ့ ပြောချလာတဲ့ Cherry ကို တဗျာဗျာနဲ့ အံ့အားသင့်သလို ပြောနေမိတာက Arthit..

" Cherry က ပွင့်လင်းတာကိုကြိုက်တယ်။ Arthit ကိုလည်း Cherry လို ပွင့်ပွင့်လင်းလင်း ပြောစေချင်တယ် "

မျက်မှန်လေးပင့်ပြီး မျက်နှာ ခေါင်းငုံ့ချသွားတဲ့ Arthit က လက်မှာကိုင်ထားတဲ့ တူကို ချပြီး လေပြင်းတစ်ခုကို ရှုရှိုက်လိုက်မိတယ်။

FRIEND ZONEWhere stories live. Discover now