6 - (U)

168 18 2
                                    


" အင်း .. ဟုတ်တယ်။ အဲ့လို ဘေးတစောင်းလေးပဲ ငေးနေပေးနော် "

နေဝင်လုမတတ် ဖြစ်နေပေမယ့်လည်း Cherry က သူမထိုင်ရာ ထိုင်ခုံလေးမှ လုံးလုံးမကြွဘဲ ပုံတူပန်းချီကိုအားကြိုးမာန်တက် ဆွဲနေသေးပြန်တော့ Arthit က လှုပ်စိစိနဲ့မို့ လှမ်းအော်ပြောရှာတယ်။

သစ်ပင်အကြီးကြီးရဲ့ထိုင်ခုံအောက်မှာ အဝေးတနေရာ ထိုင်ငေးနေတဲ့ကောင်လေးကို ချစ်သူလာဖို့မျှော်နေတဲ့ စိတ်ခံစားချက်မျိုးထည့်ထားဖို့ ပြောတုန်းက ထိုကောင်လေးရဲ့ရှက်သွေးဖြာသွားပုံကြောင့် Cherry က အငေးသား။

" Arthit .. တို့ စပ်စုတယ်လို့မထင်နဲ့နော်။ Arthit မှာ သဘောကျရတဲ့သူရှိနေပြီလား ? "

" ဗျာ ? အဲ့လို အဲ့လိုလည်းမဟုတ်ပါဘူး။ ဟူး .. ကျွန်တော် သဘောကျလည်း ဘာမှ မဖြစ်လာနိုင်ပါဘူး "

နားရွက်လေးတွေပါနီလာရင်း ရယ်ကျဲကျဲနဲ့ခေါင်းငုံ့သွားတဲ့ Arthit ပုံစံကြောင့် Cherry က မျက်နှာကို အတင်းလိုက်ငုံ့ကြည့်ရင်း

" Woa ဘယ်လောက်တောင်ကံကောင်းလိုက်လဲနော် ? တို့ဆို Arthit ကို မနှစ်တည်းက သဘောကျလာခဲ့တာ။ အခုတော့ Arthit သဘောကျတဲ့သူရှိတယ်ဆိုတာ သိရုံနဲ့တင် လက်လျော့လိုက်ရမလိုဖြစ်နေပြီ "

" ခင်ဗျာ ? "

ရယ်ကျဲကျဲလုပ်ရာကနေ အံ့အားသင့်သွားတဲ့ Arthit ပုံစံကိုကြည့်ပြီး Cherry က တခိခိနဲ့သဘောတကျရယ်ပြန်တယ်။

" အဲ့လောက်ကြီး မလန့်ပါနဲ့ Arthit ရယ်။ တို့က အခွင့်အရေးမရှိဘူးထင်ရင် နောက်ဆုတ်မယ်။ Arthit နားကပ်မနေဘူး။ အခွင့်အရေးရှိလောက်တယ်ထင်ရင်တော့ တို့ဆီ Arthit စိတ်ရောက်လာအောင် တို့ကြိုးစားဦးမှာပေါ့ "

" Cherry က ဘာမဆို တအားကြိုးစားမယ့်ပုံပဲ။ ပြီးတော့ အခုလိုတွေ ပြောလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့လို့ပါ "

" ဘာလဲ Cherry လို ပုံစံလေးက အရမ်းဖြူစင်ပြီး ရှက်တတ်တဲ့သူလေးဖြစ်လိမ့်မယ်လို့ ထင်ထားတာလား ? "

ပုခုံးချင်းတိုက်ရင်း မေးလာတဲ့ Cherry ကြောင့် Arthit က နောက်လေးဆုတ်သွားရင်း အသံခပ်တိုးတိုး ရယ်မိတယ်။ ဒီလိုမိန်းကလေးမျိုး တခါမှမတွေ့ဖူးဘူး။ Kong ဆီကို လာတဲ့မိန်းကလေးအများစုကို မြင်ဖူးခဲ့ရတော့ ဆွဲဆောင်မှုရှိတဲ့ပုံစံတွေကပဲ ရဲရင့်တက်ကြွမယ်လို့ထင်ထားခဲ့တာ။

FRIEND ZONEWhere stories live. Discover now