ဒီအသက်အရွယ်နဲ့ တစ်ယောက်အိပ် အိပ်ရာ
သေးသေးလေးထဲမှာ နှစ်ယောက်သားပူးကပ်အိပ်နေရတာမျိုးကတော့ သိပ်မဟန်လှ။" ဟူး ... "
" ဟင်း ... "
" Shitt !! Art !! မင်း တဟူးဟူး တဟင်းဟင်း ဆက်လုပ်နေဦးမှာလား ? "
နံရံဘက်မျက်နှာမူအိပ်နေတဲ့ Arthit ရဲ့ကျောကုန်းကို တံတောင်နဲ့လာတွတ်ပြီး စိတ်ညည်းညူတဲ့အသံနဲ့ လာအော်နေတဲ့ Kongpop ကြောင့် Arthit လည်း ဒေါသထွက်ထွက်နဲ့ ငေါက်ကနဲ ထထိုင်လိုက်ရင်း
" ငါ့အိပ်ရာမှာ ငါ့ဘာသာ ဟူးပဲလုပ်လုပ် ဟဲပဲလုပ်လုပ် ဟားပဲလုပ်လုပ် !! "
မျက်နှာကိုမဲ့ရွဲ့ပြီး နှုတ်ခမ်းကို ဆူလိုက် အကျယ်ကြီးဟလိုက်နဲ့ ရွဲ့ကာပြောနေတဲ့ Arthit ပုံစံက Kongpop အတွက်တော့ အမြင်ကပ်ချင်စရာ။
" tf Art !! ဘာဖြစ်နေတာလဲ !? "
ဒီ Kongpop Sutthiluck က ကြောက်ပဲမကြောက်တတ်တာလား မသိ ? အစ်ကိုတစ်ယောက်လုံးကို လက်သီးပစ်ကျွေးထားပြီး သူများအိပ်ရာပေါ်တက်အိပ်ရင်း ပိုင်ရှင်ကို လာဆူနေရဲသေးတယ်။
" မင်း ဆူခံထိမှာဆိုးလို့ ငါ P'King ကို သူ့အခန်းထဲထိ တိတ်တိတ်လေးလိုက်ပို့ရတာ .. အိမ်ကလူတွေတွေ့သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးနဲ့ ငါသေတော့မယ်။ မနက် သူ မင်းကို တိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ မကြောက်ဘူးလား ? "
" တိုင်ပေါ့။ သူ ငါ့သူငယ်ချင်းကို မူးမူးရူးရူးနဲ့ မိန်းကလေးနဲ့မှားပြီးဖက်နမ်းနေတာကို ပြန်တိုင်မှာ "
" ရူးနေလား !? ငါ့ကိုပါဆူမှာပေါ့ .. "
" ချီးကိုဆူရမှာလား :/ မင်းကအလိုတူအလိုပါ ငြိမ်ခံနေတာမှမဟုတ်.. နေဦး။ မင်းငြိမ်နေတယ် အဲ့တုန်းက .. မင်း မင်း ယောက်ျားလေးတွေကို ကြိုက်တာလား !? "
ပက်လက်အနေအထားနဲ့ လှဲလျောင်းရင်း ပြန်အော်ပြောနေရာကနေ နောက်ဆုံးစကားရောက်တော့မှ မျက်လုံးပြူးဆန်ပြာနဲ့ ဘေးမှာ လူးလဲထထိုင်ကာ မေးလာတဲ့ Kong ကြောင့် Arthit က နဖူးကို ဖတ်ကနဲ ရိုက်ပေးလိုက်ရင်း အိပ်ရာထဲပြန်တွန်းချပေးလိုက်တယ်။
YOU ARE READING
FRIEND ZONE