9 - (Z)

117 5 3
                                    



သူ့ကို Art ရှောင်နေတာ ၃ ရက်ကျော်ရှိနေပြီ။အိမ်မှာလည်း ဘယ်လိုဖမ်းဖမ်း မမိ။ ညဘက်ဖမ်းရင်တောင် အခန်းထဲမှာ ရှိမနေ။  မြင်ရတဲ့အချိန်ဆိုလည်း P'King ဘေးကနေ မခွာ။

ဘယ်လိုများ သူ့ကို ဒီလိုလုပ်ရက်ရတာလဲ?

ငယ်ငယ်လေးတည်းက ခင်ခဲ့တဲ့သူငယ်ချင်း၊ ကိုယ် ဒီလူကိုမုန်းရင် အလိုလို သူကပါ လိုက်မုန်းပေးတဲ့သူငယ်ချင်း၊ နှစ်ယောက်ထဲက တစ်ယောက်နာမည်ကြားရင် နောက်တစ်ယောက်ပါ ပြေးမြင်ရလောက်အောင် ပူးကပ်နေတဲ့ သူတို့နှစ်ယောက်အဖြစ်က ဘာလို့ ဒီလိုဘက်ကို ဦးတည်သွားရတာလဲ?

" ကျောင်းပြီးတာနဲ့ ငါတို့နှစ်ယောက်အတူ  အိမ်နဲ့ သက်သက်ခွဲနေကြမယ် "

" ကျောင်းအဆောင်တောင် အခုပေးမနေတာကို.. "

" အဲ့ဒါက အဲ့ဒါလေ။ ကျောင်းပြီးတဲ့အချိန်တော့ မင်းနဲ့ငါ နှစ်ယောက် သီးသန့်ကဲလို့ရပါပြီ "

" ကောင်မလေးတွေ အိမ်ခေါ်လာမယ့် အကြံနဲ့တော့ မဟုတ်ဘူးမလား? "

" ဟ ဖြစ်စရာလား?  ငါတို့နှစ်ယောက်နေမယ့်နေရာက ငါတို့အတွက်ပဲ။ ဘယ်သူမှ လာခွင့်မရှိဘူး "

ရည်မှန်းချက်တွေနဲ့အတူ ကတိပေးခဲ့တုန်းက
ပါးချိုင့်လေးပေါ်အောင် ပြုံးပြခဲ့တဲ့ Art ကို ပြေးမြင်​ယောင်မိတယ်။

ခုတော့များ ဒီသူငယ်ချင်းဟာ ကိုယ်နဲ့ မျက်နှာချင်းမဆိုင်မိ​အောင် ရှောင်လို့... ။

ဖြစ်ရပ်တွေ အကုန်ပြန်စဉ်းစားကြည့်ရင် ကိုယ့်ဘက်က မှားထားတာ တစ်ခုမှမရှိ။ Art ပုံစံက စိတ်ဆိုး စိတ်ကောက်နေတာထက် လုံးဝ မတွေ့ဖြစ်အောင်ကို ရှောင်နေတဲ့ပုံစံမျိုးမို့လို့ အကြောင်းအရင်းတစ်ခုတော့ ရှိရမယ်လို့ တွေးမိတယ်။ 

" ချစ်ရော ချစ်လား? "

အဲ့နေ့က မြင်ခဲ့ရတဲ့ Art မျက်လုံးထဲကအရိပ်အယောင်တွေက ဘာအဓိပ္ပါယ်လဲ? Art ဆီက ပထမဦးဆုံး မြင်ရတဲ့ ထိုအကြည့်က ဘာကြောင့်ဖြစ်နိုင်လဲ?

" ငါ ငါ့ခံစားချက်ကို သေချာအောင် စဉ်းစားနေတုန်း Kong.. "

Cherry ကို Art လုံးဝ စိတ်မဝင်စားတာ သိသိကြီးနဲ့ အတင်းတွန်းပို့နေသလိုဖြစ်နေခဲ့လို့များ Art ခုလိုရှောင်နေတာလား?

You've reached the end of published parts.

⏰ Last updated: May 22, 2022 ⏰

Add this story to your Library to get notified about new parts!

FRIEND ZONEWhere stories live. Discover now