Chapter 1

25.1K 1.3K 198
                                    


ပန်းတစ်ပွင့်ထဲ ပေးတယ်ဆိုတာ မြင်မြင်ချင်း ချစ်မိတယ်လို့ ဆိုလိုတာပါတဲ့....

July,2005

အဲ့နေ့က မိုးတွေရွာနေတယ်...။ အဲ့နေ့မှ မဟုတ်ပါဘူးလေ...အခုတလော နေ့စဉ်ဆက်တိုက်ကို ရွာနေတော့တာ...။ မိုးရွာရင် တကယ်မကြိုက်ဘူးရော်...ဘာလို့ဆို Yibo နဲ့ဆော့လို့ မရတော့ဘူး...

ထီးကိုဖွင့်‌‌စောင်းပြီး မနက်တိုင်း လုပ်နေကျအရာဖြစ်တဲ့ ခြံရှေ့က စာတိုက်ပုံးဆီသွားကြည့်လိုက်မိတယ်...။ ဟိ...ဒီနေ့လည်း ပန်းတစ်ပွင့်နဲ့ postcard တစ်ခုရောက်နေပြန်တာပဲ...။ ပထမဆုံးပို့တဲ့နေ့တုန်းကတော့ postcard မှာတစ်ခါရေးပေးထားဖူးတယ်...။ တစ်ပွင့်ထဲပေးတာ မင်းကို မြင်မြင်ချင်း ချစ်မိလို့ဆိုတဲ့ အဓိပ္ပာယ်နဲ့ပါဆိုပြီး...ဒီနှစ်အစထဲက ပို့နေတာ ခုဆိုပဲ ခုနစ်လထဲတောင် ရောက်နေပြီ...။ နောက်ပိုင်းတွေမှာတော့  ချစ်တယ်ဆိုတဲ့ စာလုံးလေးပဲ အမြဲရေးပေးထားတော့တာ...

လာပို့တဲ့သူကို တစ်ခါမှ ဖမ်းလို့မရသလို...ဘယ်သူပို့တာလဲလည်း ခုထိ မသိသေးတာ...

" ဟေ့..ဒီနေ့လည်း ထပ်ရပြန်တာလား..."

ဘေးနားကို Yibo ပါ ထီးတစ်ချောင်း‌နဲ့ ရောက်လာတာမို့ ခေါင်းညိတ်ပြလိုက်ရတယ်...

" အင်းဆို...ငါ အိမ်ပေါ်က ချောင်းနေတာလည်း မတွေ့လိုက်ဘူး...။ ခုကြည့်ဦး ရောက်နေပြန်ပြီ...တကယ်ပဲ ဘယ်သူလဲ သိပ်သိချင်တာပဲ..."

သူ့လက်ထဲက နှင်းဆီပွင့်နီနီလေးကို ကြည့်ပြီး ဟက်ခနဲ ရယ်လိုက်မိတယ်...

" Yibo...ဘာလို့ရယ်တာလဲ...."

" အော်...ရယ်ချင်လို့ပေါ့...။ ကြည့်ဦး...မင်းမို့လို့ အဲ့လူကို သိချင်နေတယ်...။ ငါ့အထင်အရဆို တော်တော်သတ္တိမရှိတဲ့ ငကြောက်တစ်ကောင်ပဲနေမှာ...ကြိုက်ရင်ကြိုက်တယ်ပေါ့...ခုတော့ကြည့်ဦး...ပေါတောတောနဲ့ ငါဆို ဘယ်တော့မှ အဲ့လိုမလုပ်ဘူး...ကြိုက်ရင် ဒဲ့ပြောမှာ..."

" ဖြစ်ရတယ်...မင်းလို Romantic မဆန်တဲ့သူတွေကတော့ ဒီလိုမျိုး အနုအရွတွေကို နားလည်မှာမဟုတ်ဘူး...တော်ပြီ မင်းနဲ့မပြောချင်တော့ဘူး.. ဝင်တော့မယ်...။ အမှိုက်လာပစ်တာမလား..."

Endless Flowers [Completed]Where stories live. Discover now