သူဘောက်ဆတ်ဆတ်နဲ့ပြန်ဖြေခဲ့တာကို Kong က ခေါင်းညှိမ့်ရင်း ဂိမ်းထဲအာရုံရောက်သွားပြန်တယ်။ မင်းအတွက် တချိန်ကျရင် အသုံးဝင်တဲ့သူဖြစ်အောင် ငါ ဒီမေဂျာလိုက်ယူတာပါလို့ ပြောခဲ့ရမှာ ... မပြောဖြစ်ခဲ့။

" ဘာပဲဖြစ်ဖြစ် မေဂျာတူလို့ မင်းနဲ့ငါ မခွဲရတော့တာ
တခုတော့ကြိုက်တယ် "

ဘာအရိပ်အယောင်မှမပါတဲ့ အဖြူထည်စကားကြောင့် သူ ဂိမ်းဆော့နေရင်းနဲ့မှ Kong ကိုတချက်ခိုးကြည့်လိုက်တယ်။ Kong ကတော့ အသည်းအသန်ဆော့နေရင်းနဲ့

" မင်းကို ဝေးဝေးလံလံ လိုက်နှောင့်ယှက်စရာမလိုတော့ဘူးကိုး "

အင်း ... ဒီကောင့်စိတ်ထဲမှာ ကိုယ့်ကို ဘယ်လိုအနိုင် ကျင့်ရမလဲ ဘယ်လိုလိုက်အကျင့်ပုတ်ရမလဲ ဘယ်လိုခိုင်းစားရမလဲပဲတွေးနေတာ မဆန်းတော့ပါဘူး။

လက်ထဲက ဂိမ်းစက်ခလုတ်ကို Kong ရှိရာဆီပစ်ပေါက်မိတော့ Kong က ရှောင်သွားရင်း တဟားဟားရယ် တယ်။

ဒီလိုနဲ့ ပထမနှစ်ကနေ Kong ကို သူနေ့တိုင်းစာပြပေးရင်းနဲ့ ဒုတိယနှစ်ကျောင်းစဖွင့်တဲ့ရက်ကို ယက်ကန်ယက်ကန်ရောက်လာခဲ့ရပြန်တယ်။

" မင်း ဒီနှစ် အတန်းထဲမှာ ငါနဲ့တော့အတူထိုင်ကွာ "

" မထိုင်ဘူး။ ငါပြတင်းပေါက်နားပဲထိုင်ရတာကြိုက်တယ်။ မင်းလည်း မင်းရဲ့ဈေးကြီးတဲ့သူငယ်ချင်းတွေနဲ့ တစုသက်သက်ထိုင်ရတာအဆင်ပြေနေတာပဲ "

ကျောင်းသွားတဲ့တလျှောက် Kong က ဘေးက တတွတ်တွတ်နဲ့ သူနဲ့အတူထိုင်ဖို့ပွားနေတာကိုငြင်းရင်း ခုတလောနာမည်ကြီးနေတဲ့စာရေးဆရာတဦးရဲ့ အသစ်စက်စက်စာအုပ်ကို သူထုတ်ဖတ်နေလိုက်တယ်။ နားပူဆာပူလုပ်နေတဲ့ Kong ကတော့ ဆက်ပြောလျှက် ..

" မင်းနဲ့တော့တူမလား ? သူတို့ရော ငါရော ခေါင်းထဲမှာ တချိန်ကျ စီးပွားဖက်ဖြစ်လာမယ့်လူတွေအနေနဲ့ပေါင်း
နေရတာ ... "

" ဒီလိုစိတ်ထားလို့ ဒီလိုသူငယ်ချင်းတွေရတာလည်း ဆန်းလား ? "

စာအုပ်ကအကြည့်မလွှဲဘဲ မျက်မှန်ကို လက်နဲ့တချက် ပင့်လိုက်ပြီး သူ ခပ်ရွဲ့ရွဲ့ပြောတော့ Kong က ကားမောင်းနေရင်းနဲ့ လက်တဖက်ကနေ စာအုပ်ကိုဆွဲလုသွားပြီး

FRIEND ZONEWhere stories live. Discover now