【.......မြင်မြတ်တဲ့ hostရေ...လမ်းကြောင်းပြမြေပုံကိုရှင်းရှင်းလင်းလင်းမြင်ရလား?】

ရှောင်းချီပြောလို့ပြီးသွားသည်နှင့်လီလျို၏ရှေ့တွင်သူမူလကမ္ဘာမှာမကြာခဏအသုံးပြုခဲ့သည့်ဘိုင်ဒူမြေပုံနှင့်တူသောတစ်ဝက် အလင်းပေါက်သုံးဖက်မြင်မြေပုံတစ်ခု ပေါ်လာခဲ့သည်။အနီရောင်အစက်လေးကသူသွားရမည့်နေရာကိုလမ်းညွှန်နေပြီးအပြာရောင်အစက်လေးကလက်ရှိသူရပ်နေသောနေရာဖြစ်သည်။ထိုအရာကတစ်ဝက်ပေါ်နေတာဖြစ်သောကြောင့်သူ့မြင်ကွင်းကိုမပိတ်ဆို့ထားပေ။

လီလျိုကအနီရောင်အစက်လေးကညွှန်ပြနေသည့်ဦးတည်ရာအတိုင်းလျှောက်လာခဲ့ရင်းမကြာခင်ပဲကျောက်တုန်းများကြောင့်မြင်ကွင်းမှပျောက်ကွယ်နေသည့်ဝါးသစ်တောတစ်ခုဆီသို့ရောက်ရှိသွားတော့သည်။

..........

ဇိမ်ကျစွာဖြင့်အလှဆင်ထားသောအခန်းတစ်ခု၏လေထုထဲတွင်ပူနွေးသောရေနွေးငွေ့တစ်ခုရှိနေပြီးထူထဲလှသည့်မှိုအမွှေးအကြိုင်တစ်ခုကလည်းမူးယစ်စေနိုင်လောက်အောင်ပင်အခန်းတစ်ခုလုံးပြန့်နှံနေခဲ့သည်။

ခန်းမကြီးထဲရှိတံခါး၏အတွင်းပိုင်းမှာလဲထိရတာနူးညံ့ပျော့ပြောင်းလှသည့်နီညိုရောင်အကာများအားတစ်လွှာပြီးတစ်လွှာကာရံထားသောကြောင့်တံခါးအပြင်ဘက်မှလူများအတွက်အတွင်းဘက်မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမမြင်နိုင်အောင်ဖြစ်စေသည်။

ကျင်းချွန်းမိဖုရားကတော်ဝင်အိပ်ယာပေါ်တွင်လဲလျောင်းနေရင်းသူ့ခေါင်းကိုလက်တစ်ဖက်ဖြင့်ထောက်ထားပြီးသူမရဲ့မျက်လုံးများကအနည်းငယ်ပိတ်ထားသောကြောင့်ကြည့်ရတာအိပ်ပျော်နေပုံရသည်။

သူမရဲ့ဘေးပတ်လည်မှာလည်းနန်းတွင်းအစေခံများစွာရှိနေပြီးအစေခံတစ်ယောက်ကသူမကိုယပ်ခပ်ပေးနေရင်းတစ်ခြားတစ်ယောက်ကတော့သူမရဲ့နောက်မှာရပ်၍သူမရဲ့ပုခုံးကိုနှိပ်နယ်ပေးနေ၏။ထို့အပြင်တစ်ခြားအစေခံနှစ်ယောက်ကလည်းသူမရဲ့ခြေထောက်နားမှာဒူးထောက်နေပြီးခြေထောက်များအားသေချာစွာဆုပ်နယ်ပေးနေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now