လီလျိုကနန်းတွင်းအစေခံလေး၏ကိုယ်အားစောင်ဖြင့်ဖုန်းပေးလိုက်ပြီးစားပွဲရှိရာသို့ လျှောက်သွားကာစားပွဲပေါ်ရှိအစားအစာများအားလုံးရှောင်းချီ၏ကိုယ်ပိုင်နေရာလေးထဲထည့်သိမ်းခိုင်းထားလိုက်သည်။သူကထိုအချိုပွဲများအားတစ်ပတ်ကျော်ကြာ စုဆောင်းနေခဲ့ခြင်းဖြစ်ပြီးအခုတော့ သူပီယန်မြို့တော်မှထွက်ခွာနိုင်ရန်သာ လိုအပ်တော့သည်။ထို့မှသာသူတစ်ပတ်လုံးလမ်းပေါ်မှာသောင်တင်နေပြီး အနားယူစရာနေရာတစ်ခုမှမတွေ့လျှင်ပင် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကို ထိန်းသိမ်းထားနိုင်မှာဖြစ်သည်။

အရာအားလုံးလုပ်ဆောင်လို့ပြီးသွားသည်နှင့်လီလျိုကအစားအစာသေတ္တာကိုကောက်ကိုင်လိုက်ပြီးခေါင်းကိုငုံ့ကာတံခါးကိုဖွင့်၍ထွက်လိုက်သည်။

သူတံခါးမှထွက်လိုက်သည်နှင့်လူတော်တော်များများ၏အကြည့်ကသူ့တစ်ကိုယ်လုံးကိုခြုံကြည့်ပြီးစစ်ဆေးနေသည်ဟုချက်ချင်းပင်ခံစားလိုက်ရလေသည်။သူတို့ကသူမည်သူမည်ဝါဖြစ်ကြောင်းအပြည့်အဝသိရှိပြီးမှသာလျှင်အဝေးသို့ပြန်လှည့်လိုက်ပြီးသူတို့ရဲ့အကြည့်များကိုဖယ်ရှားပစ်လိုက်သည်။

လီလျိုကမိန်းကလေးတစ်ယောက်လို လျှောက်ရန်အကောင်းဆုံးကြိုးစားပြီး ခြေလှမ်းတစ်လှမ်းတိုင်းဆီအားဖြည်းညင်းစွာဖြင့်သူအကျဉ်းချခံထားရသောခြံဝင်းထဲမှ ထွက်လာခဲ့သည်။

သိသာထင်ရှားစွာပင်သူ့ကိုသေချာစစ်ဆေးခဲ့သည့်အစောင့်များမှာသူမည်သူမည်ဝါ ဖြစ်ကြောင်းသံသယမရှိတော့သဖြင့် သူခြံဝင်းထဲမှထွက်လာသည့်အခါမှာလည်းဘယ်သူမှသူ့ကိုကြည့်မနေကြတော့ပေ။

【မြင့်မြတ်တဲ့ host ရေအသက်ရှင်ရက်အောင်မြင်စွာထွက်လာနိုင်ပြီးအကန့်အသတ်မရှိတော့တဲ့ဘဝကိုပြန်ရအောင်လုပ်နိုင်တဲ့အတွက်ဂုဏ်ယူပါတယ်ヘ (^ o ^) ノ \ (^ _ ^) ~】

ရှောင်းချီနှင့်လီလျိုတို့ခြဝင်းထဲမှထွက်လာလို့ရပြီးသွားသည်နှင့်လီလျို၏စိတ်ထဲတွင်ပန်းပေါင်းများစွာဖူးပွင့်သွားကြတော့သည်။

လီလျိုမှာရွှင်လန်းပျော်ရွှင်စွာဖြင့်လှုပ်ရှားနေသည့်ရှောင်းချီအားသူ့စိတ်ထဲတွင်ကြည့်လိုက်သည့်အခါချက်ချင်းပင်သူ့ခြေလှမ်းများချော်ကျသွားပြီးမြေပေါ်သို့ပစ်လဲကျသွားတော့လေ၏။သူ့နှတ်ခမ်းထောင့်စွန်းနှစ်ခုမှာတော့မနေနိုင်တော့ပဲရှံ့တွသွားတော့သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now