" ဒယ်ဒီသင်ပေးတာပါးပါး လွယ်လွယ်လေးသိလား
ပါးပါးတို့ ဖေဖေလေးတို့သင်ပေးတာက အရမ်းခက်
တာပဲ ဒယ်ဒီသင်ပေးတာလွယ်နေရော .. ဒီမှာကြည့်
လေ ဟူးဟူးလေး တူကိုင်တာ တော်တယ် ဟုတ် "

တူကိုင်ထားတဲ့လက်ကိုမြှောက်ပြကာဆိုလာတဲ့သား ။
တကယ့်ကို ဒယ်ဒီချစ်တဲ့သားမှန်းသိသာလွန်းပါသည် ။

ကျွန်တော်တို့ဘယ်လောက်ပဲချော့ပြီးသင်ပေးသင်ပေး
လိုက်လည်းမကြည့် နားလည်းမထောင်ပဲ ဘူးတစ်လုံးပဲ
ခံငြင်းခဲ့ပြီး အခုဒယ်ဒီဖြစ်သူနဲ့ကျမှပဲလိုက်နားထောင်
လိုက်ကြည့်ပြီး အာရုံတစ်စိုက်နဲ့ သင်ယူနေပြလိုက်တာ
မွေးရကျိုးကို သိပ်နပ် ။

" ဒီမှာ ဟွန်းငယ်ကြိုက်တဲ့သုံးထပ်သား တစ်မနက်လုံး
စာသင်နေရတာ ဗိုက်ဆာနေရောပေါ့ များများစားစား
နော် ဟွန်းငယ် "

" များများစားစားနော် ပါးပါး "

အကင်ဖိုပေါ်ကကျက်ပြီဖြစ်သော ဝက်သား သုံးထပ်
သားကို တူဖြင့်ညှပ်ယူပြီးထမင်းပန်းကန်ထဲသို့ထည့်
ပေးပြီး အပြုံးချိုချိုလေးတွေနဲ့ပြောလာတဲ့ကိုကိုနဲ့ ။

အားကျမခံကိုကို့လိုအကင်ဖိုပေါ်ကကျက်နေတဲ့ အ
သား ဖက်လေးကို တူလေးနဲ့ညှပ်ယူပြီး ကျွန်တော့်
ထမင်းပန်းကန်ထဲကိုလာထည့်ပေးတဲ့ သားကြောင့်
ကျွန်တော် ပြုံးမိသည် ။

လိုက်လည်းလိုက်တဲ့ သားအဖတွေ ။ ရုပ်တင်မကဘူး ။
အကျင့်တွေကပါ တစ်ထပ်တူလို့နေပြလိုက်တာ မနာလို
ချင်စရာကောင်းလိုက်တာ ။

" ပါးပါး ပါးပါး "

" ဗျာ ဗျ "

ပလုတ်ပလောင်းနဲ့ခေါ်လာတဲ့သားရဲ့ပါးစပ်တွင်ပေနေ
သောဆီတို့ကိုတစ်ရှူးလေးဖြင့်ဖွဖွလေးဆွဲသုတ်ပေးရင်း
ကျွန်တော် ပြန်ထူးလိုက်တော့ ...

" ပါးပါးကိုဟူးဟူးလေးတိုင်ရဦးမယ်သိလား "

စပါပြီ ။ အတိုင်ပြောထူလေးတို့ရဲ့တိုင်မယ်ပြောမယ်
အတ္ထုပတ္တိလေး ။

" ကဲ ပြောပါဦး .. ပါးပါးရဲ့သားကပါးပါးကိုဘယ်သူ့
အကြောင်းတွေကိုများ တိုင်ကြားဦးမလို့လဲ "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now