Ran Feng Geက ထိုအရာအားလုံးသည် သူများတွေ မြင်အောင်လုပ်ခြင်းသာဖြစ်ကြောင်း နားလည်သဖြင့် မည်သည်ကိုမျှမပြောဘဲ Su Yi Moကိုသာ မျက်လုံးမှေးပြီး ကြည့်နေခဲ့သည်။


Su Yi Mo က စားစရာဘူးကို ဖွင့်ပြီး Ran Feng Ge ထံ ကြည့်လိုက်၏။ ဒီလူက မနေ့ညကတော့ အစားအသောက်တွေကို အာသာငမ်းငမ်း ထိန်းမနိုင်သိမ်းမရ စားနေခဲ့တာ မဟုတ်ဘူးလား...ခုကျမှ ဘာလို့ အစားအသောက်ကို မမက်စက်တော့သလိုမျိိုး  ပြောင်းပြန်ကြီး ဖြစ်သွားရတာလဲ..?

"ဗိုက် မဆာဘူးလား? ယာဂုနည်းနည်းသောက်ပါလား"

Su Yi Moသည် ယာဂုခွက်ကိုကိုင်ရင်း Ran Feng Ge၏နံဘေးတွင် ထိုင်လိုက်ကာ ထိုသူ့ကို ငုံ့ ကြည့်လိုက်သည်။ သူ၏အသံက နူးညံ့သော်ငြား အကြည့်တို့က ​ငိုင်တွေနေသည်။

"ဘာကိုမှ မစားချင်တာ"ဟု Ran Feng Geက ကမ်းလှမ်းချက်ကို အခိုင်အမာ ငြင်းဆိုသည်။

"နည်းနည်းတော့ စားသင့်တယ်...ငါ ခွံ့ကျွေးမယ်လေ...လာ ပါစပ်ဟ"

Su Yi Moက နှံစားယာဂုအနည်းငယ်ကို ဇွန်းဖြင့်ခပ်လိုက်ပြီး Ran Feng Ge၏ ပါးစပ်နားကို တေ့ပေးသည်။

Ran Feng Ge မျက်မှောင်ကြုတ်လိုက်သည်။ ပါးစပ်ဟဖို့ သူစိတ်မပါပေ။

သူ့အစာအိမ်က နာကျင်နေဆဲဖြစ်သဖြင့် စားချင်သောက်ချင်စိတ်လည်း မရှိပါ။

"မင်း ဒါကို ခုံခုံမင်မင်စားနေကျပဲလေ...ဘယ်လိုပဲ ဖြစ်ဖြစ် လေးငါးဇွန်းလောက်တော့ စားလိုက်ပါနော်..."ဟု Su Yi Moက​ ငြင်ငြင်သာသာ ​နူးနူးညံ့ညံ့ တောင်းပန် အျရးဆိုသည်။

'Jing Qiu Hanက ဒီယာဂုကို စားရတာ ခုံမင်တယ်တဲ့လား...အခု မင်းက Jing Qiu Hanလေ...ဒါကြောင့် မင်းဒါကို ခုံမင်သယောင် ပြုမူရမှာပဲ'

ထိုကဲ့သို့တွေးကာ ... Ran Feng Ge သူ၏ ပါးစပ်ကို ဟပေးလိုက်ရတော့သည်။

Su Yi Mo ခွံ့သမျှကို သူက မျိုချနေသည်။ သို့သော် သူ့အစာအိမ်က ဝင်လာသမျှအစာတို့ကို ထိုးမွှေလေ၏။ နာကျင်မှုကို အံကြိတ်ခံထားသဖြင့် အန်မထွက်အောင်ထိန်းနိုင်လိုက်သော်လည်း အလွန်အမင်း..နာကျင်မှုက သူ၏မျက်လုံးတို့ကို ပိတ်ကျသွားစေသည်။

လူစားထိုး Where stories live. Discover now