အမှန်တကယ်လည်း Ran Feng Geသည် ထိုစည်းကမ်းများနှင့် ဆံခြည်မလွဲ ကိုက်ညီသူဖြစ်သည်။
သူကား ခြောက်ပြစ်ကင်း သဲလဲစင်တစ်ယောက်။

အခြားသောလူစားထိုးများအနေနှင့် သူတို့သရုပ်ဆောင်မှုကိုလည်း ဇာတိမပေါ်​ရစေဘဲ အချို့သောအစပ်စာတို့အစား အချို့သောအချိုစာတို့သို့၊ အချို့သောအအေးစာတို့အစား အချို့သောအပူစာတို့သို့ တမင်ပြောင်းလဲပစ်တတ်ကြသည်။ သို့သော် Ran Feng Geကမူ အစပ်စာ၊ အအေးစာတို့စားခြင်းကဲ့သို့လူ
တို့၏အလိုအလျောက်ဖြစ်သောအလေ့အကျင့် နယ််ပယ် တို့ကိုစွန့်ပစ်လိမ့်မည်မဟုတ်ချေ။ တစ်ချိန်ပြီးတစ်ချိန် သူ့ကိုယ်သူညှဥ်းဆဲခြင်း၏ရလဒ် ကြောင့် သူ၏အစာအိမ်ပြဿနာကလည်း ကြီးထွားလာခဲ့ရခြင်းဖြစ် သည်။ ဆေးဝါးပညာဘက်တွင်လည်း သူက အတော်အသင့်ကျွမ်းကျင်သော်ငြား အမြဲရုန်းကန်လှုပ်ရှားနေရသည့်အတွက် ခြေကုန်လက်ပန်းကျခြင်းနှင့် အဆုံးသတ်ရစမြဲ ။ ထို့ကြောင့် သူ၏အစာအိမ်ကို စောင့်ရှောက်မှုတစ်စုံတစ်ရာလုပ်ရန် အချိန်မရှိခဲ့ပါ။


မည်သို့ပင်ဆိုစေကာမူ သူ၏ စဥ်ဆက်မပြတ်အားထုတ်မှုများကြောင့် အသိုင်းအဝိုင်းကြီး၏ ရွှေအဆင့်လူစားထိုးတစ်ဦးဖြစ်လာရခြင်းပင်။

မဆုတ်မနစ်ကြိုးစားခြင်းက ဆုလာဘ်များကိုရစေစမြဲပင်။ အားစိုက်ခဲ့သမျှအချိန်တို့က အကျိုးအမြတ်ဖြစ်စေသည်ချည်းသာ။ ပေးဆပ်ခြင်းက အောင်မြင်ခြင်းကို တံခါးပေါက်ဖြစ်၏။


Ran Feng Geအတွက်မူ စွန့်လွှတ်ခြင်းက ချမ်းသာဖို့​ဖြစ်သည်။ သူ့အသက် လေးဆယ်သို့ရောက်လျှင် အလုပ်မှ အနားယူကာ ကျန်သက်တမ်းတစ်လျှောက်ပျော်ရွှင်စွာနေသွားတော့မည် စိတ်ကူးသည်။ ငယ်စဥ်ကသာ အားစိုက်ပြီးအလုပ်လုပ်မထားပါက နောင်တွင် ချမ်းသာပျော်ရွှင်ဖွယ်ဘဝကို ဘယ်သို့ရနိုင်ပါမည်နည်း။


အတိတ်ကို သူစားမြုံ့ပြန်နေစဥ် Su Yi Moသည် Ra Feng Geကို စစ်ဆေးပေးရန် ဆရာဝန်တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ တကယ်​တမ်း ဆရာဝန်သည်လည်း သရုပ်ဆောင်ပွဲတွင် သူတို့နှင့် တစ်ကြိတ်တည်းတစ်ဥာဏ်တည်းပင်။ ဆရာဝန်သည် ပရော်ဖက်ရှင်နယ်တစ်ဦးဟုတ်စရာမလို... ဆေးစစ်ချက်ယူဟန်သရုပ်ဆောင်ဖို့သာလိုသည်။ သူက လူနာသည် အန္တရာယ်ကင်းပြီဖြစ်ကာ နောက်ထပ်ရက်အနည်းလောက် အနားယူပြီးလျှင် ဆေးရုံမှဆင်းကာ အိမ်တွင်ပြန်အားမွေးနိုင်ပြီဖြစ်ကြောင်း လူသိရှင်ကြားကြေငြာလိုက်သည်။ ကြေငြာပြီးနောက် ဆရာဝန်သည် လက်နှစ်ဖက်ကို ကုတ်ထဲသို့ထည့်ကာ တုန်တုန်ရင်ရင်ထွက်သွားတော့သည်။

လူစားထိုး Where stories live. Discover now