အပိုင်း ၆

Start from the beginning
                                    

"အဟွတ် အဟွတ် ရေ ရေ"

Jungkookရဲ့ စိတ်ထဲက ကျိန်ဆဲနေမှုကြောင့်လားမသိ စားလက်စထမင်းသီးသွားတဲ့ အစ်ကိုတော်တစ်ယောက် မျက်နှာတွေပါ နီလာတော့သည်။

ခပ်လှမ်းလှမ်းက ဆွန်းဂျာလေးခမျာ အပြေးအလွှားပင် ရေယူပေးရှာသည်။ ထိုအခါမှ တဂွပ်ဂွပ်သောက်လိုက်ပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသည်။

"ရရဲ့လား အစ်ကိုတော်"

"အမလေး ရတယ် မရီးတော် ရတယ် ငါကိုယ်တော်ရဲ့ ဘုန်းတန်ခိုးကြောင့် သေကံမပါလို့ တော်ရော့တယ်"

သူ့အမေးကို ပြန်ဖြေလိုက်တဲ့အစ်ကိုတော်စကားကြောင့် Jimin နှုတ်ခမ်းတွေ မသိမသာတွန့်ကွေးသွားရပြီး အချိန်မှီပင် ထိုနှုတ်ခမ်းတွေကိုတင်းတင်းစေ့ကာ အသံမထွက်အောင် ထိန်းသိမ်းလိုက်ရသည်။

ပြုံးစိစိဖြစ်နေတဲ့ သူ့ကိုကြည့်ကာ မျက်စောင်းထိုးလိုက်တဲ့ ကောင်လေးကိုတော့ Jiminတစ်ယောက် သတိမထားမိလိုက်။

ဒီထမင်းဝိုင်းမှာ သူတို့နှစ်ယောက်ပဲရှိတယ်မှတ်နေကြတာလား။ တကယ်ပဲ နှစ်ယောက်လုံး ရုပ်တအားဆိုးလိုက်တာ!။

ထမင်းဝိုင်းကလေး သိမ်းသွားတော့ ချက်ချင်းဆိုသလို အဘိုးဖြစ်သူထံမှ အခေါ်တော်လွှတ်လိုက်တာမို့ နှစ်ယောက်သား ခေါ်သည့်အဆောင်သို့ ပါသွားရတော့သည်။

တဝမ်းကွဲအစ်ကိုတော်ပြောသည့်အတိုင်းပင် လက်ထပ်ပွဲဖြစ်မြောက်ရေးအတွက် အဓိကကျသည့် ဘုရားကျောင်းဆီမှ အဆောင်လက်ဖွဲ့ယူရန်ဖြစ်လေသည်။

မှတ်သားရန်အချက်တစ်ချက်က ညနေခြောက်နာရီမထိုးခင် အရောက်ပြန်ရန်ဖြစ်သည်။ မဟုတ်ပါက မကောင်းသည့်အစွဲများ ကပ်ငြိတတ်သောကြောင့်ဖြစ်သည်။

မြင့်မားလှသည့်တောင်ပေါ်တွင် တည်ရှိနေသည့် ဘုရားကျောင်းကို Jiminရော Jungkookပါ မော့ကြည့်လိုက်ကြသည်။ တော်ပေါ်တက်ဖို့လှေကားလေးတွေ လုပ်ထားတာ အထစ်ပေါင်းမည်မျှချီအောင် ရှိနေမည်ဆိုတာပင် မခန့်မှန်းနိုင်။

နှစ်ယောက်သား ပထမဆုံးလှေကားထစ်ကိုငုံ့ကြည့်လိုက်ရင်း အတွေးကိုယ်စီဖြင့်ပင်။ တကယ်လို့ ဒီတောင်ပေါ်တက်ကာ အဆောင်လက်ဖွဲ့ယူဖို့ ခြေလှမ်းစလိုက်ပြီဆိုတာနှင့် ထိုမင်္ဂလာပွဲက ၈၀ရာခိုင်နှုန်းမျှ ပြီးမြောက်ပြီဖြစ်ကြောင်း အဘိုးဖြစ်သူက ပြောခဲ့တာမို့ပင်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now