[22] Zaw&Uni

888 113 7
                                    

ZAWGYI

"လွမ်းတယ်~❤"

ပို့လိုက်တဲ့ စာလေး sentပြပြီး စက္ကန့်ပိုင်းကအကြာ ကျွန်တော့ဖုန်းထဲကို messageလေးတစ်စောင်ရောက်လာတယ်~

"ကျွန်တော်လည်း လွမ်းတယ်~~"

ဖုန်းscreenကိုကြည့်နေတဲ့ ကျွန်တော့မျက်ဝန်းတွေက ဖုန်းအလင်းရောင်ထက်ပိုပြီး တောက်ပနေမလားပဲ...

"ကော်ရစ်တာကို ခဏထွက်ခဲ့ပါလား"

နောက်ထပ် messageတစ်စောင် ပို့ပြီးတဲ့အခါ လေးထပ်မျှရှိတဲ့ ကျောင်းအဆောင်ရဲ့ အလွှာ သုံးလွှာမြောက်က ချစ်ရသူနေတဲ့ အခန်းကိုမော့ကြည့်လိုက်သည်...

မိနစ်ပိုင်းမျှအကြာ ကျွန်တော်ရဲ့ မြင်ကွင်းထဲ KyungSooက ဝင်ရောက်လာ၏...

အနက်ရောင် hoodieကို ဝတ်ထားပြီး သူ့ရဲ့မျက်မှန်လေးကိုလည်း တပ်ထားသေးသည်...

"စီနီယာ"

အံ့ဩသွားသယောင်မျက်ဝန်းတွေနဲ့ လှုတ်ခတ်သွားတဲ့အသည်းပုံနှုတ်ခမ်းလေးက ရေရွတ်လိုက်သည့် စကားသံကို မကြားရသော်လည်း "စီနီယာ"ဆိုတဲ့စကားလုံးမှန်း သိလိုက်ရပါ၏...

အောက်ကနေ သူ့ကိုမော့ကြည့်နေရင်း ဖုန်းခေါ်လိုက်တော့ ကြားချင်နေတဲ့ အသံကလေးက နားထဲ ချက်ချင်းဆိုသလို ဝင်ရောက်လာသည်...

"ဘယ်လိုဖြစ်ပြီး အောက်ကိုရောက်နေတာလဲ"

နှစ်ယောက်လုံး ကျောင်းကအဆောင်မှာပဲ နေကြတာမှန်ပေမယ့် အဆောက်အဦးမတူတာမို့ သူနေတဲ့ Buldingအောက်ရောက်နေတဲ့ ကျွန်တော့ကိုကြည့်ကာ တအံ့တဩရှိနေသည်...

"အချစ်ဆုံး အလွမ်းပြေဖို့ ကိုယ်လာခဲ့တာ"

"စီနီယာကတော့ဗျာ"

ရှက်ဝဲဝဲစကားသံကြောင့် မူလထက်ပိုမိုကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်...

"အောက်ကိုဆင်းလာခဲ့ပါလား"

"ဘာလုပ်မလို့လဲ"

"စာတွေကြိုးစားနေတဲ့ ကိုယ့်ကောင်လေးကို အပျင်းပြေအောင် ဘတ်စကတ်ဘော ခဏကစားရဖို့ လာခေါ်တာ"

အစတည်းက ခြေထောက်ဘေးမှာချထားတဲ့ ဘတ်စကတ်ဘောလုံးကိုကောက်ယူပြီး မြှောက်ပြလိုက်တော့ တသိမ့်သိမ့်ရယ်လာ၏...

Obviate Difficulties By LoveWhere stories live. Discover now