[4]

2.1K 250 12
                                    

"ကဲ အဲ့ဒါဆို 6နာရီထိုးအရောက်ပြန်လာခဲ့ကြနော်"

"ဟုတ်ကဲ့ပါ ဆရာမ"

ဟုတ်ကဲ့ပါ ဟုဖြေပြီးသည်နှင့် KyungSooလည်း တစ်ခြားကျောင်းသားများနည်းတူ စာအုပ်တွေ ဘောပင်တွေကို လွယ်အိတ်ထဲထည့်သိမ်းပြီး အိမ်ပြန်ဖို့ပြင်လိုက်သည်...

ယခင်က ညနေကျောင်းဆင်းချိန် ၃နာရီကနေ ညနေ၆နာရီအထိ
ကျူရှင်သင်ပေမယ့် ယခုတော့ ငါးနာရီအထိပဲစာသင်ပေးကာ ပြန်လွှတ်သည်...

အကြောင်းကတော့ စာမေးပွဲဖြေခါနီးပြီဖြစ်၍ ဒီနေ့ကစပြီး ညဘက်ပါအပိုချိန်ခေါ်ခြင်း...

ညဘက်အပိုချိန်ခေါ်တာနဲ့ ပတ်သတ်ပြီး KyungSooကတော့ စိတ်မညစ်ပါ...

ဆရာမက ကိုယ်တွေကိုစာပိုရစေချင်လို့ အပင်ပန်းခံပြီး စေတနာနဲ့သင်ပေးတာမို့ ပိုတောင်ကျေးဇူးတင်မိသည်...

နားမလည်တဲ့စာတွေရှိတော့လည်း သေချာမေးလို့ရတာပေါ့...

စာအုပ်တွေသိမ်းပြီးတာနဲ့ ကျောပိုးလွယ်အိတ်ကို ကောက်လွယ်လိုက်ပြီး စာသင်ရသည့်အခန်းထဲမှ Chenနဲ့အတူထွက်လာလိုက်သည်...

"KyungSooငါတို့ခဏနေပြန်လာရင် ကုန်းညောင်းပဲလာကြရအောင်...
စက်ဘီးယူမနေတော့ဘူးကွာ"

"အင်း ကုန်းညောင်းပဲလာကြတာပေါ့"

Chenနဲ့စကားပြောပြီးလို့ ခေါင်းကိုအရှေ့လှည့်လိုက်တော့ ဆိုင်ကယ်ရပ်ပြီးတာနဲ့ အိမ်ထဲကိုဝင်လာသည့် KimJongIn Hyung...

အပြင်သွားပြီးပြန်လာတာနဲ့တူတယ်...

အဲ့ဒီမှာပဲပြသနာကစတက်သည်...

အိမ်အပေါက်ဝရောက်လို့ အပြင်ထွက်မယ်ပြင်တော့ အပေါက်ဝမှာရပ်ပြီး ကျွန်တော်လှမ်းတဲ့ဘက်ကို ခြေလှမ်းလိုက်လှမ်းသည့် JongIn Hyung...

အိမ်ထဲကိုဝင်မည့် သူ နဲ့ အိမ်အပြင်ကိုထွက်မည့်ကျွန်တော်...

အခုတော့ အိမ်အပေါက်ဝမှာ နှစ်ယောက်သားမျက်နှာချင်းဆိုင် မတ်တပ်ကြီး...

ဘာမှမပြောချင်တာနဲ့ ဆန့်ကျင်ဘက် ဘယ်ဘက်ကိုလှမ်းလိုက်သည်...

သူကလည်း ဘယ်ဘက်ကိုလှမ်းပြန်သည်...

ခေါင်းမော့ပြီး သူ့မျက်နှာကို ခပ်စူးစူးတစ်ချက်ကြည့်ပေးလိုက်တော့ သွားဖြဲကာရယ်ပြလာလေရဲ့...

Obviate Difficulties By LoveWhere stories live. Discover now