[12]

1.4K 207 9
                                    

Ring~Ring~~

ကျောင်းခေါင်းလောင်းမြည်သံ ခပ်ကျယ်ကျယ်ကို ကြားလိုက်သည်နှင့် လက်ထဲမှာအားမပါစွာဆုပ်ကိုင်ထားတဲ့ ဘောပင်ကိုပစ်ချလိုက်သည်...

ဒီအချိန်ရောက်ဖို့ ဘယ်လောက်စောင့်နေတယ်ထင်သလဲ...
ဗိုက်လည်းဆာလှပြီ...

"နေ့ခင်းထမင်းစားချိန်ရောက်လို့ ကျောင်းခေါင်းလောင်းတောင်တီးနေပြီ အတန်းခေါင်းဆောင်လည်း ပြန်မလာသေးဘူး"

အခန်းပေါက်ဝကိုလှမ်းကြည့်ရင်း KyungSooကတွေးဆဆပြောနေသည်...

အခုဆိုChenတို့ အထက်တန်းနောက်ဆုံးနှစ်ကို တက်နေကြသည်မှာ တစ်လတောင်စွန်းပြီဖြစ်၏...

ကျောင်းဖွင့်ရာသီနဲ့အညီ ဒီနှစ်လည်းယခင်ထုံးစံတွေအတိုင်း စုံညီပွဲတော်အတွက် အတန်းတိုင်းရဲ့ အတန်းခေါင်းဆောင်တွေကိုခေါ်ကာ အစည်းအဝေးပြုလုပ်နေသည်...

DaeMinကလည်း အတန်းခေါင်းဆောင်ဆိုတော့ အစည်းအဝေးပွဲသွားရသည်...

မကြာပါ Chenတို့ ထမင်းချိုင့်ဖွင့်နေတုန်း DaeMinနဲ့MiNaတို့ အခန်းထဲဝင်လာကြ၏...

"စုံညီပွဲတော်အတွက် ရက်အတိအကျ comfirmလိုက်ပြီလား"

အနားရောက်လာပြီဖြစ်တဲ့DaeMinကို KyungSooကမေးသည်...

"အင်း နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့"

ခဏအကြာ Chenတို့ နေ့ခင်းထမင်းဝိုင်းလေးသည် ရောက်တတ်ရာရာစကားလေးတွေပြောရင်း နှစ်လိုဖွယ်ရှိနေ၏...

"ညနေကျရင် ကာယအချိန် ထပ်ပြီးဘောလုံးကွင်းကိုပတ်ပြေးရဦးမယ်"

DaeMin၏ ဆူအောင့်အောင့်အသံကြောင့် ရယ်လိုက်မိသည်...

ကာယအချိန်တိုင်း ဆရာက ဘောလုံးကွင်းကို သုံးလေးပတ် ပတ်ပြေးခိုင်းသောကြောင့် ညီးညူနေခြင်းပင်...

"TaeMin hyungအိမ်ပြန်မလာဘူးလား အတန်းခေါင်းဆောင်"

"ဒီပိတ်ရက်တော့အိမ်ပြန်လာမယ်လို့ ပြောတယ်ကွ..မတွေ့တာကြာတော့လည်း လွမ်းသား"

အင်းလေ တစ်ဦးတည်းအပြင်ပိုမရှိတဲ့ အစ်ကိုဆိုတော့ လွမ်းမှာပေါ့...

Obviate Difficulties By LoveWhere stories live. Discover now