[2]

3.3K 269 9
                                    

ဘူး ဘူးးး

မုန့်ဆိုင်ရှေ့ရောက်တာနဲ့ အရှိန်နဲ့မောင်းလာသော ဆိုင်ကယ်ကို ရပ်လိုက်သည်...

ဆိုင်ကယ်သော့ကိုဖြုတ် ဘောင်းဘီအိတ်ထဲထည့်ပြီး ဆိုင်ထဲသို့ဝင်ကာ လိုချင်တဲ့မုန့်ကို ရွေးနေလိုက်သည်...

ရေခဲသေတ္တာရှေ့သွားပြီး Cocacola သုံးဘူးယူလိုက်သည်...

အိမ်က ရေခဲသေတ္တာထဲမှာ အအေးဘူးမရှိတော့လို့ ဆိုင်လာဝယ်နေရပြီ...

ထို့နောက် Chocolate လေးငါးခုပါသော ပါကင်ပိတ်ထားတဲ့ Chocolateထုပ် သုံးခုကိုပါ လှမ်းယူလိုက်သည်...

Chocolateကလည်း ကျွန်တော့ အကြိုက်ဆိုတော့ မပါမဖြစ်...

တစ်ခု နှစ်ခု ဝယ်သွားလို့မရ...

တစ်ခါစားရင် သုံးလေးခုကို တစ်ခါတည်းစားပစ်တာဆိုတော့ များများဝယ်သွားရမယ်..

အိမ်က အစ်မတွေကလည်း တစ်ခါတစ်ခါ ကိုယ့်ဆီက Chocolateတွေယူယူစားတော့ သူတို့အတွက်ပါ ပိုဝယ်ရသည်...

ပြီးတာနဲ့ အလတ်မNoonaမှာလိုက်တဲ့ အာလူးကြော်နဲ့နေကြာစေ့ထုပ်လည်း ဝယ်ရသေး...

ပိုက်ဆံကတော့ အိမ်ရောက်ရင် ပြန်တောင်းမည်လေ ဟင်း ဟင်းး...

လာရတာက ဆိုင်ကယ်နဲ့ လာရတာ...

ဆီထည့်ရင်ကျတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထည့်ရတာ...

ဒါကြောင့် ဆီဖိုးလည်း တောင်းရမယ်...

နေကြာစေ့ထုပ်ယူနေရင်း တံခါးဖွင့်သံကြားလို့ ဆိုင်တံခါးပေါက်ဆီ အကြည့်ရောက်သွားမိသည်...

တော်ရုံတန်ရုံ မကြည့်တတ်ပေမယ့် အခုတော့ ကြည့်မိသည်...

ဆိုင်ထဲသို့ဝင်လာသော ပုတုတုလေးနှင့် သူ့သူငယ်ချင်း...

နှလုံးသားက သူလေးလာတာကို အလိုလိုသိလို့ ကြည့်မိတာနေမှာ ><...

ဝတ်ထားတဲ့ အဝတ်အစားလေးက စပို့ရှပ်လက်တို အဖြူလေးနဲ့ ဒူးခေါင်းအောက်လောက်ထိပဲရောက်သော ဂျင်းဘောင်းဘီအနက်ကလေး...

နေကြာစေ့ထုပ်နှစ်ထုပ်ကို သွက်သွက်ယူလိုက်ပြီး ပုတုတုလေးတို့ဆီ ပြေးသွားလိုက်သည်...

Obviate Difficulties By LoveWhere stories live. Discover now