[6]

1.7K 223 36
                                    

ဤနေ့သည် KyungSooတို့ အထက်တန်းဒုတိယနှစ်တွေ စာမေးပွဲဖြေပြီးသွားသည့် နောက်ဆုံးနေ့ဖြစ်သည်...

နောက်ဆုံးနေ့ဖြစ်သည့်အလျှောက် သူတို့တစ်တန်းလုံး အတန်းပိုင်ဆရာမအိမ်မှာ စားစရာအတူလုပ်စားဖို့ ပြင်ဆင်နေကြသည်...

ထို့ကြောင့် အတန်းပိုင်ဆရာမ၏ အိမ်ရှိရာခြံထဲလည်းဖြစ် KimJongIn၏အိမ်ရှိရာခြံထဲရှိ ခြေရင်းဖက်ကမြေကွက်လပ်လေးတွင် စားဖို့သောက်ဖို့ ပြုလုပ်နေကြသည့် ကျောင်းသား၊ကျောင်းသူတွေနှင့် ရှုပ်ယှက်ခတ်နေသည်...

တစ်ချို့ကျောင်းသားတွေမှာ စားပွဲခုံချ ထိုင်ခုံတွေပြင်ဆင်ဖြင့် အလုပ်ရှုပ်နေကြပြီး ကျောင်းသူတွေကတော့ ဆရာမနဲ့ အစားအစာကို ပြင်ဆင်နေကြသည်...

စားပွဲခုံတွေစီနေသည့် ကျောင်းသားတွေထဲတွင် KyungSooတို့ Chenတို့လည်းပါသည်...

ရိုးရိုးရှင်းရှင်းပင် ကြက်ကြော်နဲ့အအေးပဲစားသောက်ကြဖို့ လုပ်ထားကြ၏...

ဘူး ဘူးး

KyungSooတို့ စားပွဲခင်းတွေခင်းနေတုန်း ဆိုင်ကယ်သံကြားသည်ကြောင့် အိမ်ရှေ့ကိုလှမ်းကြည့်လိုက်တော့ အအေးဘူးတွေဝယ်ပြီးပြန်လာသည့် KimJongInနှင့်LeeTaeMin...

ဆိုင်ကယ်ကိုရပ်ပြီးတာနဲ့ အအေးဘူးပါကင်တွေကိုမကာ အိမ်ထဲဝင်လာဖို့လုပ်နေကြသည်...

ဆိုင်ကယ်ကိုရပ်ပြီးတာနဲ့ အအေးဘူးပါကင်တွေကိုမကာ အိမ်ထဲဝင်လာဖို့လုပ်နေကြသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"KyungSoo လာ..Hyungတို့ဆီကနေ အအေးဘူးတွေ သွားဝိုင်းသယ်ရအောင်"

အတန်းခေါင်းဆောင်က ပြောလည်းပြောရင်း  KimJongIn Sambaenimတို့ဆီ ကျွန်တော့ကို ဆွဲခေါ်နေသည်...

"အာ မလိုက်ပါဘူး..Chenသွား..
မင်းသွားဝိုင်းသယ်ပေးလိုက်"

"ဒီမှာတွေ့လား ငါ့လက်ထဲမှာ စားပွဲခင်းတွေက အထပ်လိုက်..
မင်းသွားစမ်းပါကွာ"

Obviate Difficulties By LoveWhere stories live. Discover now