ကျောင်းရှေ့တံခါးဆီကိုဦးတည်ပြီး လမ်းလျှောက်နေတဲ့ ကျောင်းသားတွေ...
သူ့အုပ်စုနဲ့သူ လမ်းသွားနေတဲ့ထဲမှာမှ KimJongInလို့အမည်ရတဲ့ ကောင်လေးကတော့ သူ့ချစ်သူကောင်လေးရဲ့မျက်နှာကို တစ်ခါ တစ်ခါ စောင်းငဲ့ကြည့်ရင်း အပြုံးတွေဆင်မြန်းလျှက်ရှိနေသည်...
ခန္ဓာကိုယ်လုံးကစ်ကစ်လေးနဲ့ သိပ်ချစ်စရာကောင်းပြီး ယောကျာ်းပီသမှုကိုပါ ဘုရားပေးတဲ့လက်ဆောင်အနေနဲ့ လက်ခံရရှိထားတဲ့ကောင်လေးကတော့ ရှက်ပြုံး ပြုံးကာ KimJongInနှင့် အကြည့်ချင်းဆုံပါ၏...
"KyungSoo"
ရပ်တန့်သွားသည့် KyungSooရဲ့ခြေလှမ်းနဲ့အတူ တစ်စုံတစ်ယောက်ဆီကထွက်ပေါ်လာတဲ့ နာမည်ခေါ်သံတစ်ခု...
"HoDong Sambae အိမ်မပြန်သေးဘူးလား"
"အင်းး KyungSooကိုပြောစရာရှိလို့ ဘတ်စကတ်ဘောလေ့ကျင့်တာပြီးတဲ့အထိ စောင့်နေတာ"
ပြောစရာရှိလို့ဆိုတာရဲ့ နောက်ဆက်တွဲအကြောင်းအရာသည် မိမိချစ်သူအား ချစ်ခွင့်ပန်မည်သာ ဖြစ်ပေလိမ့်မည်...
"ငါတို့သွားနှင့်ပြီ"
ပခုံးတစ်ဖက်အားခပ်ဖွဖွပုတ်ပြီး TaeMinတို့ကတော့ အဆောင်ကိုပြန်သွားကြလေပြီ...
"ဟို Sambaeဘာပြောမလို့လဲ..
ဒီမှာပဲပြောလိုက်လေ""JongIn shiကရော မပြန်သေးဘူးလား"
Kyungie၏ပြောစကားနဲ့ဆန့်ကျင်စွာ မိမိသို့ဦးတည်ပြီး မေးလာသည့် မေးခွန်း...
"ဟုတ်ကဲ့ ကျွန်တော်က Kyungieနဲ့အတူ ပြန်မှာမို့ပါ"
ကိုယ့် အချစ်ဆုံးအား မေတ္တာသက်ဝင်နေပြီး ထိုသက်ဝင်နေသောမေတ္တာကို ဖော်ကြူးပြသတော့မည် သူနှင့် ထားခဲ့ရသည်အထိ KimJongInသည် ဦးနှောက်မကောင်းသည့်သူလည်းမဟုတ်...
အချစ်ဆုံးဘက်က ထိုသူ့အပေါ် စီနီယာတစ်ဦးထက်မပိုသည်အားသိပေမယ့်လည်းပေါ့လေ...
"KyungSooကို အရေးတကြီးပြောစရာရှိလို့ 15မိနစ်လောက်ခဏရှောင်ပေးပါလား"
အချစ်ဆုံးအားကြည့်လိုက်တော့ အပြုံးလေးဖြင့်ခေါင်းငြိတ်ပြလာ၏...
YOU ARE READING
Obviate Difficulties By Love
FanfictionKaiSoo[Boy×Boy] #sweet#romance#angst By EriGom_Thaw_Thaw