အပိုင်း ၅

Start from the beginning
                                    

"ဘယ်သွားမလို့လဲ"

"ဘယ်သွားသွားပေါ့"

Jiminအမေးကို အငေါ့တူးတူးဖြေပြီး ဘောက်ဆတ်ဆတ်နဲ့ထွက်သွားသော ကောင်လေးဝေးဝေးမရောက်ခင် Jiminအမှီလိုက်ခဲ့လိုက်သည်။

"နေဦးလေ မင်းလုပ်ချင်တာလုပ်ပြီးပြီ ဒီတခါငါ့အလှည့်လေ"

စကားကို နားထောင်ချင်တာလိုလို နားမထောင်ချင်တာလိုလိုပုံစံနှင့် ယပ်တောင်ရူးကို Jiminစိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ထုထောင်းလိုက်ပြီးပြီဖြစ်သည်။

"ပြောဗျာ ဘာလဲ "

"ငါ့ကို ဟိုးပန်းခင်းတွေဆီလိုက်ပို့ပေး"

လက်ညှိုးထိုးပြသည့် ပန်းခင်းတွေဆီJungkookကြည့်လိုက်ရင်း စိတ်ရှုပ်သွားရသည်။

"အလာတုန်းကတွေ့ခဲ့ပြီးသားမလား ဘာထူးမှာလဲ အတူတူပဲဟာ"

ထိုစာရေးဆရာသည် ဤသို့ဤနှယ် ကပ်သီးကပ်သပ်လည်း ပြောတတ်ပါသေး၏။

"စာရေးဆရာဖြစ်ပြီး နှလုံးသားမရှိလိုက်တာ"

Jiminစကား​ကြောင့် Jungkookတစ်ယောက် စပ်စပ်ခါသွားရတော့သည်။ မျက်မှန်ကိုပင့်တင်လိုက်ရင်း ပြောင်းလဲသွားသည့်ရုပ်က ရှေ့မှလူကို အပီအပြင်ကြိတ် အဲလေ အပီအပြင်dissတော့မည့် Rapperတစ်ဦးနှယ်။

"ဒီမှာ"

"​ဝေ့ ဘာလုပ်နေကြတာလဲ"

စာရေးဆရာဟူသော နာမ်ပုဒ်နှင့်အညီ စီကုံးထားသည့်ချေပစကားများသည် ခပ်လှမ်းလှမ်းမှအဘိုးဖြစ်သူရဲ့အသံကြောင့် လည်ချောင်းထဲပြန်ကျသွားရှာသည်။

"အဘိုး"

Jiminထံမှ တခုခုလှမ်းပြောမည့်ဟန်ကိုမြင်လိုက်သည့် လူလည်စာရေးဆရာက အရင်ဦးအောင် အဘိုးဖြစ်သူကိုခေါ်လိုက်သည်။

"ဘာများလဲ ပြော"

"ဆရာက ပန်းတွေကြည့်ချင်လို့တဲ့ အဲ့ဒါမြေးက လိုက်ပို့ပေးမလို့ ဟီးဟီး"

မျက်နှာချိုသွေးကာ Jiminအနားကပ်လာပြီး သဘောကောင်းချင်ယောင်ဆောင်ကာ ယပ်တောင်တွေပါခပ်ပေးနေတာမို့ Jiminတစ်ယောက် ကြောင်အမ်းသွားရသည်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now