နံရံကိုမှီလိုက်ရင်း တလူလူလွင့်မျောနေသည့် အဖြူရောင်လိုက်ကာစတွေကြားမှပင် ထိုပန်းဖြူဖြူတွေကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိတာ အချိန်တွေပင် အတော်ကြာသွားပြီး ဖြန်းခနဲအသံတစ်ခုကြားလိုက်မှ အသိပြန်ဝင်လာခဲ့သည်။
"ဆရာ ယောကျာ်းယူတော့မယ်ဆို အဲ့ဒါဟုတ်လား?! ဟမ် ဘာတွေလျှောက်ပြောနေတာလဲ မဟုတ်ရပါဘူးဗျာ အဟင်းဟင်း မနောက်ရဘူး"
စောနကအသံဆိုသည်မှာ Jeon Jungkookမှ စားပွဲခုံကို လက်ဖြင့်ပုတ်လိုက်ခြင်းကြောင့် ဖြစ်တန်ရာ၏။ ဖျတ်ခနဲဆိုသလို သူရှိရာဆီရောက်လာတဲ့ မျက်မှန်အောက်မှမျက်နက်ဝန်းတွေရဲ့အကြည့်ကို Jiminပုခုံးတွန့်ကာ ဘာမှမဆိုင်သလို တုံ့ပြန်လိုက်သည်။
ထို့အတွက် ပြန်ရလိုက်တာ မကျေနပ်ဘူးဟုယူဆလို့ရသော မသိမသာဂြိုလ်စောင်းအကြည့်တစ်ခုပင်။
ဖုန်းရှိရာဆီပြန်လှည့်သွားပြီး စက္ကန့်ပိုင်းလေးအတွင်း သူ့ကိုစောနကကြည့်နေသည့်အကြည့်နှင့်မတူညီစွာ ပြုံးရွှင်လျက် ဆန့်ကျင်ဘက်ဖြစ်သွားသည့် မျက်နှာကြောင့် Jiminမျက်ခုံးပင့်လိုက်မိသည်။
တကယ်ကို မျက်နှာနှစ်မျိုးနဲ့စာရေးဆရာအရူးလေးပဲ။
"အိုပါး ဘယ်သူ့ကိုခဏခဏကြည့်နေတာလဲ လူရှိတာလား? ဟမ်"
ကောမန့်ဖတ်ရင်း မျက်မှောင်ကြုတ်သွားတဲ့ကောင်လေးမျက်နှာက သေချာကြည့်မည်ဆိုပါက အနည်းငယ်ရှုံ့မဲ့သွားတာကို သတိထားမိနိုင်သည်။
"မဟုတ်ပါဘူး ဘယ်သူမှမရှိပါဘူး"
Jungkookအတွက် ယခုတခေါက်Liveလွှင့်တာက သိပ်ပြီးစိတ်တိုင်းမကျလှ။ မကြာခင်စာအုပ်အသစ်ထွက်နိုင်ဖို့ ကြိုးစားရေးမည့်အကြောင်းနှင့် လက်ဆောင်တွေအတွက် ကျေးဇူးတင်ကြောင်းပြောကာ ခပ်သွက်သွက်ပင် Liveသိမ်းလိုက်ရတော့သည်။
အဲ့ဒါ ဟိုကျောင်းဆရာကြောင့်!။
"ပြီးပြီလား မြန်လိုက်တာ"
ထိုလူ့အမေးကို ပြန်မဖြေဘဲ မျက်နှာရှစ်ခေါက်ချိုးနှင့်ပင် ဖုန်းသိမ်းကာအားသွင်းထားလိုက်သည်။ ထို့နောက် စားပွဲပေါ်က ယပ်တောင်ကိုယူကာ တဖျတ်ဖျတ်ခပ်လိုက်ပြီး အခန်းအပြင်ကိုထွက်ခဲ့လိုက်သည်။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞
အပိုင်း ၅
Start from the beginning