Ep(13)(A)(B)

14.9K 845 32
                                    

"ဖေဖေ ဘုန်းသစ်အမေနဲ့ပေါင်းပီး ဘုန်းသစ်အမေက ဘုန်းသစ်ကို ခြိမ်းခြောက်ခဲ့တယ် သားလိမ်လည်ပီးယူတဲ့ကိစ္စနဲ့ ပတ်သတ်ပီး "

"အဲ့တော့"

"ပီးတော့ သားကိုအရှက်ခွဲမယ်ပြော‌လိုက်တော့ ဘုန်းသစ်က ဖေဖေ့ကိုလာတိုင်ပင်တယ် သားဘ၀က ရှေ့ဆက်ဖို့ကျန်သေးတယ်တဲ့ သူ သား အတွက်ဘာလုပ်ပေးရမလဲမေးတော့ ဖေဖေက ကွာရှင်းပေးလိုက်လို့ ပြောလိုက်မိတယ်"

"ဗျာ..."

"ပီးတော့ သိပ်မကြာဘူး သူကွာရှင်းပီး စင်ကာပူကိုပြန်သွားတယ် "

"သူက အမေရိကမှာမဟုတ်ဘူးလား ဖေဖေပြောတော့ သူကမိန်းမတစ်ယောက်နက်"

"အဲ့ဒါလိမ်ထားတာ "

"လိမ်တာ"

"ဟုတ်တယ် သူက အခု စင်ကာပူမှာ"

"ဒါဆို ပတ်၀န်းကျင်မှာ သတင်းပြန့်တာက "

"ဟုတ်တယ် ဖေဖေလုပ်ခဲ့တာ"

"ဖေဖေဗျာ သိပ်ရက်စက်တယ် "

"သား ဖေဖေတောင်းပန်ပါတယ်"

"တော်တော့ဗျာ ကျွန်တော်ဖေဖေ့ကိုကြောက်သွားပီ"

"သား ဘယ်သွားမလို့လဲ "

အဝေးဆုံးကိုသွားမယ် ဟိုးအဝေးဆုံးကို .......

စွဲလမ်းခြင်းနဲ့ပတ်သတ်လိုက်ရင် ကျွန်တော်ရှုံးပါတယ်
လူတစ်ယောက်ကို မေ့ဖို့ကြိုးစားရတာ ပင်ပန်းခဲ့သလောက်
သတိရဖို့ကြ လွယ်လိုက်တာ

ကျွန်တော် ဟာကံဆိုးတဲ့လူလား ကံတရားက မျက်နှာသာမပေးခဲ့တာလားဗျာ

ကိုယ်ချစ်တဲ့လူနဲ့အတူနေရဖို့ ဘာလို့ခက်ခဲရတာလဲ

*မာန်မိသားစု၏တစ်ဦးတည်းသောသား ဈာန်ဘုန်းမာန်သည် ယနေ့ နေ့လည် ၁၁နာရီခန့်တွင် ကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်း ဖစ်ပွားခဲ့ပါတယ်*

ထို သတင်းကိုမြင်မြင်ခြင်း ကျွန်တော်စိတ်ပူသွားခဲ့တယ်
အကုန် အဆင်ပြေနေတဲ့ကလေးက ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ

"မဖစ်ဘူး ငါလိုက်သွားရမယ် "

"သား "

"‌မေမေ"

ဖေဖေ့သူငယ်ချင်း ကျွန်တော့်ချစ်သူ (Z+U)Where stories live. Discover now