"ဦးး ကျနော်မကွာရှင်းပေးနိုင်ဘူး"
မျက်စိရှေ့မှာရှိတဲ့ စာချုပ်ကို စိတ်စိတ်ကြည့်ရင်း ကျနော်ပြောလိုက်မိတယ်"မရဘူး ရော့ဘောပင် ဒီစာချုပ်မှာလက်မှတ်ထိုး"
"မလုပ်ပါနဲ့ဦးရယ် ကျနော် ဦးမရှိရင် သေသွားလိမ့်မယ်"
"မင်းမသေဘူး ဒီစာချုပ်မှာလက်မှတ်ထိုးပြီး မင်းဘ၀ကိုမင်းအကောင်းဆုံးလျှောက် "
"အကောင်းဆုံးတဲ့လား ဦးရယ် ကျနော်သိပ်ချစ်တဲ့ဦးကို ဆုံးရှူံးပြီးမှ ကျနော်ကအကောင်းဆုံးနေပြရအုန်းမှာလား"
"ဟုတ်တယ် မင်းအကောင်းဆုံးနေပြရမယ် ကဲ ကြာတယ် လက်မှတ်ထိုးလိုက်"
"ဟင့်အင်းး မထိုးပေးနိုင်ဘူး ကျနော်သေသွားလိမ့်မယ်"
"မင်းပြောတော့ငါ့ကိုချစ်တယ်ဆို"
"အင်းလေ"
"အာ့ဆို လက်မှတ်ထိုးလိုက် မင်းအချစ်ကိုယုံပေးမယ်"
"ဟင့်အင်း ဦးယုံတာမယုံတာ အရေးမကြီးတော့ဘူး ကျနော်ကတော့ လက်မှတ်မထိုးပေးနိုင်ဘူးးး"
အသံမာမာနက် အော်သယောင်ဖြစ်သွားတာကြောင့် ဦးမျက်လုံးတွေဟာ နားလည်ရခက်တဲ့အကြည့်တွေနဲ့ပြည့်နှက်နေတယ်
"ကျနော် အိပ်တော့မယ် ပင်ပန်းနေပြီ"
"လက်မှတ်......"
ဦးစကားသံတွေကိုဆုံးအောင်နားမထောင်နိုင်ပဲ အခန်းထဲက်ုပြေးဝင်လာမိတယ်
တောင်းပန်ပါတယ်ဦး ဦးဆန္ဒတွေကို ကျနော်ဒီတစ်ခါတော့ မလိုက်လျောနိုင်ဘူး
******"ဦး က ကျနော့်ကမ္ဘာအတွက် အလင်းရောင်ပါ
ဦးထွက်သွားရင် ကျနော်ဆိုတာလဲ အမှောင်ကမ္ဘာထဲ သေတဲ့ထိ နေသွားရမဲ့လူဖြစ်သွားမှာ""တခါတလေ အချစ်ဆိုတာမင်းထင်သလို မရိုးရှင်းဘူး
ငါ့အချစ်က မင်းကိုကာကွယ်ပေးဖို့ မင်းကိုစောင့်ရှောက်ပေးဖို့ပဲ ကလေးငယ် "အတွေးကိုယ်စီဖြင့် နံရံတစ်ဖက်သာခြားတဲ့ လူနှစ်ယောက် ဘယ်လိုမျိုး မနက်ခင်းကို နိုးထလာကြမလဲ
YOU ARE READING
ဖေဖေ့သူငယ်ချင်း ကျွန်တော့်ချစ်သူ (Z+U)
Romance၀န်ခံပါတယ် ကျွန်တော် သူ့ကိုမြင်မြင်ချင်းချစ်မိခဲ့တယ် #ဈာန်ဘုန်းမာန် မချစ်ပါနဲ့ ကလေး ကိုယ်ကမင်းဖေဖေရဲ့ သူငယ်ချင်းဖြစ်နေတယ်လေ #ဘုန်းသစ်နိုင် (Yaoi)