Ep(6) (A)

21.1K 1.4K 32
                                    

အဟမ်း မေ့နေကြပြီလား မသိ
အခုတလော မအားတာနဲ့ ficတွေကိုသေချာမတင်ပေးဖြစ်ဘူး နောက်ပိုင်းမှန်အောင်တင်ပေးမယ်နော်
အားပေးနေမယ်မလား? ??

********************

"ဘယ်လို ဖေဖေက အိမ်ထောင်ပြုတော့မယ် ဟုတ်လား ဦးထွန်း ကျတော့်ကိုနောက်နေတာလား"

"မနောက်ပါဘူး သခင်လေး ခုနက သခင်ကြီးက ဖုန်းဆက်ပါတယ် သခင်လေးပြန်လာရင် ဖုန်းဆက်ပေးပါတဲ့ "

"ဘာလို့လဲ ဘာလို့ ဖေဖေက ......."

ဝမ်းနည်းတယ် ဟင့်အင်း စိတ်တိုတယ်
ဖေဖေ့ကို တခြားသူနဲ့အတူချစ်ရမယ်ဆိုတာ ကျတော်ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး

ကျတော် ၅နှစ်သားမှာ မေမေဆုံးခဲ့တယ်
အဲ့ချိန်တည်းက ကျတော်ကြောက်နေခဲ့တာ ဖေဖေအိမ်ထောင်ထပ်ပြုမှာကို အခုတော့ ကျတော်ကြောက်တာကြီးက ဖြစ်လာပြီ

"ဟဲလို ဖေဖေ"

"သားလေး "

"တကယ်လား ဖေဖေ တကယ်. .."

"သားရယ် ဖေဖေ တောင်းပန်ပါတယ် သားအတွက်လက်မခံနိုင်တဲ့ကိစ္စဆိုပေမဲ့ ဖေဖေ့ကိုနားလည်ပေးပါလား"

အနူးအညွတ် တောင်းဆိုနေတဲ့ ဖေဖေ့ကိုမြင်ယောင်ကာ ကျတော် သနားမိတယ်

"အင်းပါ မြန်မာပြည်ပြန်လာခဲ့တော့လေ ကျတော် ဖေဖေ့ကောင်မလေးနဲ့ တွေ့ချင်တယ် "

"ဟို ကောင်မလေးမဟုတ်ဘူး သား"

"ကောင်မလေးမဟုတ်တော့ ကောင်လေးလား"

"အင်း ကောင်လေး"

"ဘယ်လို!!!!"

ထပ်ပြီးဆွံအပြန်ပြီ ဖေဖေဘယ်လိုမျိုးဆုံးဖြတ်ရတာလဲ
အသက် ၄၀ကျော်မှ ဘ၀သစ်ထပ်စချင်နေတာလား ဖေဖေရယ်
ကောင်လေးကို လက်ထပ်ရင် ဖေဖေ့မိဘ ကျတော့်အဖိုးအဖွားတွေကလက်ခံမယ်ထင်နေလား

"ဖေဖေ....တောင်းပန်ပါတယ် သားရယ်"

ဖုန်းထဲကနေတောင် ဒီလိုပြောနေတာ သေချာတယ် ဖေဖေအရမ်းချစ်မိသွားလို့ ဒီလိုဆုံးဖြတ်တာနေမှာ

"ထားလိုက်ပါ ပြန်သာလာခဲ့ ကျတော် တွေ့ချင်တယ် "

"အင်းအင်း ဖေဖေ မနက်ဖြန်ညလေယာဉ်နဲ့ပြန်လာမယ်"

ဖေဖေ့သူငယ်ချင်း ကျွန်တော့်ချစ်သူ (Z+U)حيث تعيش القصص. اكتشف الآن