Ep(8)(A)

20K 1.5K 37
                                    

"ဦး"

တချက်ချက် တိုးညှင်းစွာကြားလိုက်ရတဲ့အသံလေးတစ်သံ
ကျတော်အိမ်မက်မက်နေတာများလား

ထိုစဉ် ကျနော့်လက်လေး နွေးသွားတာကို ခံစားလိုက်မိတယ်
အိပ်ချင်နေသော မျက်လုံးများပင်ပြူးသယောင်ဖြစ်ကာ ကုတင်ထက်လဲလျောင်းနေသော ကလေးငယ်ကို ကြည့်လိုက်မိတယ်

အပြုံးချိုချိုလေးနဲ့ကလေး

"ကလေး သတိရလာပြီ "

"ဦး သက်သာရဲ့လား ဘယ်လိုနေသေးလဲ"

"ကလေးရယ်"

သူ့အတွက်စိတ်မပူပဲ ကျနော့်အတွက်ပူပေးနေတဲ့ကလေးလေး
"ဦး "

"ပြောလေ ကလေး "

"ချစ်တယ်"

"အမ်!!!"

"ချစ်တယ် ကျနော်ဦးကိုချစ်တယ်"

ဘယ်လို!!!!!ကလေးက ကျနော့်ကို ဟင့်အင်း မဖြစ်သင့်ဘူးလေ သူ့အဖေအရွယ်ရှိတဲ့ကလေးကို

"ဦး "

"ကလေး နားလိုက်နော် ဦး ဆရာဝန်သွားခေါ်လိုက်အုန်းမယ်"

"ဦး......"

ကျနော် နဲ့ကလေးနဲ့ မလိုက်ဖက်ပါဘူး
ကျနော့်အတွက် ကလေးက ဖြူစင်လွန်းတယ်
အရောင်မဆိုးရက်ဘူး
ကလေး မင်းသိပ်ကို ငယ်နေသေးတယ်

ကလေးရဲ့ခေါ်သံတွေကိုလျစ်လျူရှူကာ အခန်းအပြင်ကိုထွက်လာခဲ့မိတယ်
မွန်းကြပ်လိုက်တာ

*****

ကလေး

မင်းနဲ့ငါက အစတည်းက မချစ်သင့်တဲ့လူတွေပါ
အချိန်တွေတောင် နောက်ဆုတ်လို့ရရင်
မင်းနဲ့မတွေ့မိတဲ့ အချိန်ကိုပြန်သွားချင်မိတယ်

ဦး

မနက်မိုးလင်းတာနဲ့ ဦးပုံရိပ်ကို ပထမဆုံးမြင်ချင်သလို
ညမိုးချုပ်လည်း ဦးဆီက good nightဆိုတဲ့အသံလေးကြားချင်မိတယ်
ကျနော်ရူးနေပြီ ထင်တယ်ဦး

*****

ကျနော်ဆေးရုံဆင်းရပြီ

သို့သော် ကျနော့်ဆီကို ဦးမလာဘူး

ကျနော်သတိရတဲ့နေ့ထဲက အခုထိ ဦးကိုမတွေ့ရသေးဘူး

ဖေဖေပြောတာကတော့ ဘန်ကောက်ရောက်နေတယ်တဲ့

ဖေဖေ့သူငယ်ချင်း ကျွန်တော့်ချစ်သူ (Z+U)Where stories live. Discover now