Ep(8)(B)

20K 1.4K 43
                                    

"သူက ငါကောင်မလေးလေ "

ထိုစကားသံတွေဟာ ကျနော့်နားထဲမှာ အဆက်မပြတ်ကြားနေရတယ်
ကျနော့်အတွက် ထိန်းချုပ်ရခက်ခဲ့တဲ့အရာတွေထဲမှာ ရင်ခုန်သံတွေအပြင် မျက်ရည်တွေလည်းပါနေတယ်
မကျပါနဲ့တော့လို့ ပြောနေပေမဲ့ မျက်ရည်တွေဟာ ထိန်းလို့မရ စီးဆင်းလာတယ်

"ဦးရက်စက်တယ် "

**တီ တီ**
ဟာ ငိုနေပါတယ်ဆိုမှ ဘောင်းဘီအိတ်ထဲမှာ တုန်ခါလာတဲ့ ဖုန်းကြောင့် စိတ်တိုမိပြန်တယ်

contact လေးက *ဦး* တဲ့

"ကလေး ဘယ်ရောက်သွားတာလဲ ပွဲစတော့မယ်"

ဖုန်းကိုင်လိုက်တာနဲ့ ကြားလိုက်ရတဲ့ဦးရဲ့စိုးရိမ်သံတွေဟာ ကျတော့်ကို ပိုပြီးဝမ်းနည်းစေပြန်တယ်

"ကလေး ဘယ်မှာလဲ ဦးလာခေါ်မယ် "

"ကလေး!!!!"

"ကျနော်အခုလာပြီ ဟင့်..."

ရှိုက်သံမထွက်အောင်ပြောလိုက်ပေမဲ့ ဟန်ဆောင်ရတာ သိပ်ပင်ပန်းတယ်

ကျနော် အ၀ငိုပြီး ခန်းမ ထဲကိုပြန်ဝင်သွားခဲ့တယ်

*ထိုနေ့ဟာ ကျနော့်ဖေဖေအတွက် ကတော့ကိုယ်ချစ်တဲ့လူကို ပိုင်ဆိုင်ရပေမဲ့ ကျနော့်အတွက်ကတော့ သိပ်ချစ်ရတဲ့လူကို ဆုံးရှုံး လိုက်ရတာပဲ*

.
.
.
.
.

"သား အိမ်မှာတစ်ယောက်တည်းအဆင်ပြေတာ သေချာရဲ့လား"

"ဟုတ် ပြေပါတယ် ဖေဖေရယ် အရင်ကလည်းတစ်ယောက်တည်းနေဖူးတယ်လေ"

"အင်းပါ အဆင်မပြေရင် ဘုန်းသစ်ကိုခေါ်ထားနော် "

"ဟင့်အင်းရတယ် ကျနော်အဆင်ပြေတယ်"

ချက်ချင်းဆိုသလို ဖေဖေ့စကားကိုငြင်းလိုက်တော့ ဦးမျက်နှာပျက်သွားတာ တွေ့လိုက်ရတယ်

"ဘုန်းသစ် မင်းအားရင် အားသလို ငါ့သားကို သွားကြည့်ပေးနော် မင်းကလည်း ငါတို့ပြန်ရောက်မှအိမ်ပြောင်းတာမဟုတ်ဘူး,"

"မွှေးက ပြောင်းခိုင်းလိုက်တာ အကိုရဲ့"
ဖေဖေ့ရဲ့မေးခွန်းမကျ စကားကို မွှေးဆိုတဲ့ ဦးကောင်မလေးက ၀င်ဖြေတယ်လေ

ဖေဖေ့သူငယ်ချင်း ကျွန်တော့်ချစ်သူ (Z+U)Where stories live. Discover now