Ep(7)(B)

20.7K 1.4K 32
                                    

3days ago,

"ဦးရယ် သတိရလာပါတော့နော် "

နှုတ်ခမ်းဖျားလှူပ်ယုံတမင် စကားပြောနေတဲ့ကောင်လေး

ကုတင်ထက်လဲလျောင်းနေတဲ့ ကောင်လေးရဲ့ လက်တစ်ဖက်ကို ကိုင်ကာ နိုးထလာဖို့တိတ်တဆိတ်တောင်းဆိုနေတဲ့ ဈာန်

ငိုလွန်းလို့ မို့မောက်နေတဲ့မျက်လုံးများကပင်သက်သေဖြစ်နေပြီ

နာကျင်တယ်
ဘာကြောင့်နာကျင်ရတာလည်း စဉ်းစားတိုင်း အဖြေဆိုတာကိုအရိပ်မယောင်တောင်မတွေ့ခဲ့

ထိုညက (Fb)

မူးနောက်နေတဲ့ခေါင်းနဲ့ ရောက်ရှိနေသော ပတ်ဝန်းကျင်အသစ်

သေချာပြန်ကြည့်မိတော့ barကပင်မထွက်လာရသေး
ကျတော့ဘေးတွင်လည်း အိပ်ပျော်နေသော ကောင်းကျော်
ကျတော်လည်း သူ့ကိုနှိုးကာအိပ်ပြန်မည်လုပ်တော့
ပိုက်ဆံမရှင်းရသေးတာကို သတိရတော့တယ်

ပိုက်ဆံအိတ်မပါလာတာကြောင့် ကျတော်ကောင်းကျော်ကိုထားခဲ့ပြီး အိမ်ကိုပြန်လာခဲ့တယ်

ကျတော်မသိခဲ့တာက တိတ်ဆိတ်နေတဲ့အိမ်
အချိန်အားဖြင့် မနက်၆နာရီ
လျို့ဝှက်pwကို နှိပ်ပြီး ၀င်လာလိုက်တယ်
ပတ်ဝန်းကျင်ကအတော်တိတ်ဆိတ်နေတာကိုပင် သတိမထားမိခဲ့
ပိုက်ဆံအိတ်ကို ယူကာ barသို့ပြန်လာရတယ်

ပိုက်ဆံရှင်းပြီး ကျတော် အိမ်သို့ပြန်လာခဲ့ပြန်တယ်
ထိုချိန်ထိ အိမ်က တိတ်ဆိတ်ဆဲ

အခန်းတစ်ခုပြီးတခုဝင်ကြည့်လိုက်သော်အခါ ဘယ်သူမှမ၇ှိတာကို သတိထားမိလိုက်တယ်

ဘာလို့မ၇ှိတာလဲ????
Dadဆိုတဲ့ contact ကိုနှိပ်ပြီး ဖုန်းခေါ်လိုက်တော့တယ်

"ဟဲလို သား "

"ဖေဖေဘယ်မှာလဲ "

"ဆေးရုံမှာ "

"ဗျာ ဖေဖေဘာဖြစ်လို့လဲ"

"ဖေဖေဖြစ်တာမဟုတ်ဘူး ဘုန်းသစ်accidentဖြစ်လို့ "

"ဗျာ! !!!"

ကျတော့်သွေးတွေဆောက်ထိုး စီးဆင်းသွားသလို ကျတော်ဆောက်တည်ရာမရ ရပ်နေသော ခြေထောက်များပြိုလဲခဲ့ရတယ်

ဖေဖေ့သူငယ်ချင်း ကျွန်တော့်ချစ်သူ (Z+U)Where stories live. Discover now