" ဆန်ပြုတ်သောက်ရအောင် ဟွန်းငယ် "

အငွေ့တထောင်းထောင်းထနေတဲ့လက်ထဲကဆန်ပြုတ်
ပန်းကန်လေးကိုမြှောက်ရုံမျှသာမြှောက်ပြပြီးပြုံးနေတဲ့
ကိုကိုရဲ့အပြုံးတွေ ။ ကြောက်ရွံ့မိသည် ။ တဒိတ်ဒိတ်
ခုန်နေတဲ့အေးစက်စက်နှလုံးသားလေးတဖြေးဖြေးနွေး
ထွေးစပြုလာတယ်လို့ ခံစားမိလို့ ။






------------------------------------------







" ဟွန်းငယ် "

ခေါ်သံလေးနှင့်အတူညာဘက်လက်မောင်းကိုဆုပ်
ကိုင်လာတဲ့ ကိုကို ။ ဘာလဲဆိုသောမျက်နှာပေးဖြင့်
မော့ကြည့်မိတော့ ...

" အပြင်ထွက်ပေါက်က ဒီဘက်မှာ  "

ဥတုရာသီတွေအချိန်တွေအသီးသီးပြောင်းလဲသွားခဲ့
ပေမယ့် မပြောင်းလဲသေးတာကတော့ငယ်ငယ်တုန်း
ကလို လမ်းလျှောက်ရင်း လမ်းပျောက်ပျောက်သွား
တတ်တဲ့ကျွန်တော်နဲ့ ။ ငယ်ငယ်တုန်းကလို လမ်း
လျှောက်ရင်း လမ်းပျောက်ပျောက်သွားတတ်တဲ့ ကျွန်
တော့် လက်မောင်းကို လှမ်းဆုပ်ကိုင်ပြီးလမ်းမှန်ရောက်
အောင်ညွှန်ပြပေးတဲ့ကိုကိုသာရယ် ။

" ပါးပါးကအမြဲတမ်းအဲ့လိုပဲဒ​ယ်ဒီရဲ့ ... ဟူးဟူးနဲ့
အားလပ်ရက် အပြင်သွားတိုင်း ပါးပါးက ဟူးဟူး
လက်ကိုဆွဲပြီးလမ်းလျှောက်ရင်းအမြဲလမ်းပျောက်
ပျောက်သွားလို့ ဖေဖေလေးက ဟူးဟူးတို့ကို အမြဲ
လိုက်ရှာပေးရပြီး အမြဲအိမ်ပြန်ပို့ပေးရတယ် "

ကုန်တိုက်သွားတိုင်းလမ်းပျောက်တတ်တဲ့ကျွန်တော့်
ကို ကိုကို့ပခုံးပေါ်တက်ခွထိုင်ပြီးနှုတ်ခမ်းလေးကိုဆူ
ထော်ကာကျွန်တော့်အကျင့်ကိုအတင်းပြောနေတဲ့သား
အား ကျွန်တော်တစ်ချက် မော့ကြည့်ပြီး ပြုံးလျက်
မျက်နှာချင်းဆိုင်က ကိုကို့ကိုထပ်ကြည့်လိုက်မိတော့ ။

တွေ့လိုက်ရတာက ကျွန်တော့်မျက်နှာကိုပဲတွေတွေ
ကြီး စိုက်ကြည့်ပြီးတွေတွေကြီးနေနေတဲ့ ကိုကို ။

" လူကိုကြည့်ပြီး ဘာတွေတွေးနေတာလဲ ! "

ဘူတောတိုးကာပြောလိုက်တော့ ထင်းခနဲပေါ်လာတဲ့
ပါးပြင်နှစ်ဖက်က ပါးချိုင့်လေးတစ်စုံ ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now