"နောက်ထပ်လိုအပ်ချက်နှစ်ခုရှိသေးတယ်...မင်းသေချာပေါက်ငါ့ကိုကတိပေးရမယ်"

ချင်ယုတောင်းဆိုချက်တွေအရသူလက်မခံနိုင်တဲ့အရာမရှိသေးဘူးလေ..တကယ်လို့သာဒီကောင်စုတ်လေးနောက်တစ်ခါထပ်ပီးစိတ်ဓာတ်ကျရင်...သူ့ကိုနောက်တစ်ကြိမ်ထပ်ပြီးလပေါင်းများစွာစိမ်းစိမ်းကားကားဆက်ဆံတာတို့အေးစက်တဲ့ဖိအားတွေထပ်ပေးတာတို့သာလုပ်ရင်ရောက်ရမယ့်ဇာတ်ကြောင်းကိုအောင်အောင်မြင်မြင်မရောက်ပဲစောစောသေသွားမှာကိုစိုးမိတယ်။

လီလျိုကချင်ယုသူ့ကိုတောင်းဆိုမည့်တောင်းဆိုချက်ကိုပင်မစောင့်တော့ပဲချက်ချင်းခေါင်းညိမ့်ပြကာပြောလိုက်သည်။

"မင်းသာဒေါသမထွက်တော့ဘူးဆိုရင်ဘာမဆိုကတိပေးနိုင်တယ်"

"မင်းလင်ရိုယန်နဲ့ထပ်ပြီးရင်းရင်းနှီးနှီးမနေရဘူ..ကတိပေးနိုင်လား?"

လီလျိုရဲ့စိတ်ထဲမှာတော့ချက်ချင်းပင်အတွေးတစ်ချက်ဖြတ်ခနဲလင်းသွားသည်။

ချင်ယုကတကယ်တော့လင်ရိုယန်ကိုတိတ်တဆိတ်ကြိုက်နေပြီးသူမအာရုံစိုက်တာကိုရဖို့အတွက်အဲ့ဒီလိုမျက်နှာကြီးသူမ့ရှေ့မှာအမြဲတမ်းလုပ်နေခဲ့တာများလား?

လီလျို၏အတွးများကမောင်ထောင်ချီဝေးဝေးသို့နယ်ချဲ့သွားသဖြင့်ချင်ယုကသူ့လက်ကိုဆန့်ထုတ်လိုက်ပြီးလီလျို၏ခါးအားဖက်ထားလိုက်သည်ကိုသတိမထားလိုက်မိပေ။သူကလီလျိုရဲ့ခေါင်းပေါ်မှခေါင်းစည်းကြိုးအားဖယ်ရှားလိုက်ပြီးဖြည်းညင်းစွာလက်ဖြင့်ဆံပင်များကိုဖီးပေးနေလိုက်ရင်းပြောလိုက်သည်။

"မင်းကိုလက်ထပ်ခွင့်လည်းမပြုဘူး..ငါမင်းကိုငါ့ဘေးမှာပဲအမြဲတမ်းနေပေးစေခြင်တယ်..မုချန်~...ငါ့မှာခမည်းတော်လည်းမရှိတော့ဘူးမယ်တော်လည်းမရှိတော့ဘူးငါ့မှာမင်းတစ်ယောက်တည်းပဲရှိတော့တာပါ....မုချန်မင်းလည်းငါ့ကိုထားသွားမှာတော့မဟုတ်ပါဘူးနော်..ဟုတ်လားဟင်?"

ချင်ယု၏အသံကစိတ်ပူပန်မှုများဖြင့်တုန်လှုပ်နေပြီးလီလျို၏ခါးအားဖက်ထားသည့်သူ့လက်များကလည်းတင်းကြပ်လာခဲ့သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now