"ဒီပြဿနာကငါတို့စိတ်ပူရမယ့်ကိစ္စမဟုတ်ဘူး..ငါတို့မြန်မြန်လုပ်သင့်တယ်ဘာဖြစ်လို့လဲဆိုတော့သခင်ကြီးနဲ့လီသခင်လေးတို့နှစ်ယောက်ပြီးတဲ့အချိန်ငါတို့မရောက်ရင်အပြစ်ပေးခံဖို့ပြင်နေရလိမ့်မယ်"

"ဟုတ်ကဲ့..မမလင်းအာမှန်ပါတယ်မြန်မြန်သွားကြရအောင်"

အစေခံနှစ်ဦးကစကားစကိုဖြတ်လိုက်ပြီးအလျင်အမြန်သွားလိုက်ကြသည်။သို့သော်လည်းသူတို့နှစ်ယောက်ကျောက်တုန်းရှေ့သို့ရောက်သည်နှင့်ပိုငယ်သည့်အစေခံလေး၏မျက်လုံးများကမှိတ်ကျသွားပြီးသူမ၏ပျော့ပြောင်းသည့်ကိုယ်ကနောက်ပြန်လဲကျသွားခဲ့သည်။ထိုအချိန်တွင်ဘေးတစ်ဖက်မှအရိပ်တစ်ခုထွက်ပေါ်လာကာအစေခံလေးအားလက်တစ်ဖက်ဖြင့်လှမ်းဖမ်းလိုက်ပြီး..နောက်လက်တစ်ဖက်ဖြင့်ငွေပြားလေးအားဖမ်းထားလိုက်သည်။

ထို့နောက်..နောက်ထပ်အရိပ်တစ်ခုကအရှေ့မှပေါ်လာကလင်းအာဟုခေါ်သောအစေခံလေး၏နောက်သို့ရောက်သွားခဲ့ပြီးသူ့လက်တစ်ဖက်အားလက်သည်းကုတ်ပုံစံပြောင်းလိုက်၍လင်းအာ၏လည်မျိုကိုဆုပ်ကိုင်လိုက်သည်။

"မလှုပ်နဲ့! မဟုတ်ရင်ငါမင်းကိုသတ်ပစ်မယ်"

လီလျိုကသူ့လက်ထဲမှအစေခံလေးအားကျောက်တုန်းနောက်သို့ရွှေ့လိုက်ပြီးပြန်မနိုးတာသေချာစေရန်သူမ၏မေ့ကြောသို့နှိပ်လိုက်ပြီးမှအောက်သို့ချထားလိုက်သည်။ပြီးနောက်မှာတော့သူကချင်ယု၏ဘေးသို့လျှောက်လာလိုက်၏။

"ရှင်ဘယ်သူလဲ?ဒါကမြို့တော်ဝန်ရဲ့အိမ်တော်နော်တကယ်လို့ဒီကိုခိုးဝင်လာတာကိုသာသိသွားရင်ရှင်တို့ရဲ့အဆုံးသတ်ကကောင်းမှာမဟုတ်ဘူး"

လင်းအာ၏အသံကတုန်လှုပ်နေသော်လည်းယုံကြည်ချက်တော့ရှိနေသေးသည်။

"ငါတို့ကိုမင်းရဲ့သခင်ကြီးဆီခေါ်သွားပေးပြီးတော့အဲ့ဒီအမှိုက်လိုစကားတွေကိုတော်လိုက်တော့..မြန်မြန်လုပ်!!"

ချင်ယု၏အသံကအလွန်ကိုအေးစက်နေပြီးလူများအားနှစ်တစ်ထောင်ရေခဲကန်ထဲသို့ိစိမ်ခံလိုက်ရသလိုခံစားရစေသည်။စကားလုံးတစ်လုံးခြင်းဆီတိုင်းကလူများကိုအေးခဲသွားစေ၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now