"ကဲ လာပါပြီ လူကြီးမင်းJeon Jungminအတွက် နေ့လည်စာကတော့ နို့ပါဗျာ"

တဖက်မှ Jungkookရဲ့အသံကြောင့် Jiminရယ်လိုက်မိသည်။ အောက်ခံရှပ်အင်္ကျီအပေါ်မှာ သားရေအင်္ကျီအနက်ရောင်လက်ရှည်ကို ထပ်ဝတ်ထားသည်။ ဆန့်ကျင်ဘက်အနေနှင့် အောက်တွင်တော့ဘောင်းဘီတိုတစ်ထည်နှင့်ပင်။

ဗရုတ်ကျနေသည့် Jungkookရဲ့ဝတ်ပုံစားပုံကိုကြည့်ပြီး Jiminအရယ်မပြတ်တော့။ ခုလည်း သားအတွက်နေ့လည်စာက နို့တဲ့။ မသိရင် သားအရွယ်လေးက မနက်တမျိုး ညတမျိုး စားလို့ရနေတဲ့အတိုင်း။ တကယ်ပါပဲ။

"ဟိုမှာ ဟိုမှာ Mommyကိုကြည့်"

သားနှုတ်ခမ်းလုံးလုံးလေးမှာ ပေသွားတဲ့နို့များကို သန့်ရှင်းပေးဖို့အတွက် သားကိုအာရုံလွှဲရန်ကြိုးစားနေတဲ့ Jungkook။ သူ့ကိုကြည့်ကာ နှုတ်ခမ်းလေးထော်ပြီး နို့ဘူးသောက်နေတဲ့သားကိုလေ ဖျစ်ညှစ်ပစ်ချင်လိုက်တာ။

"Jungkookရော နေ့လည်စာစားပြီးပြီလား"

"သားပြီးမှ စားတော့မယ်"

Jimin စိတ်မကောင်းဖြစ်သွားရသည်။ ကလေးတစ်ဖက်နှင့် Jungkookတစ်ယောက် မည်မျှပင်ပန်းနေခဲ့ရှာလေမလဲ။ တွေးမိတော့ Jiminမျက်နှာက ချက်ချင်းညှိုးကျသွားရသည်။

"နေမကောင်းဘူးလား"

"ဟင် မဟုတ်ပါဘူး ကောင်းပါတယ်"

Jimin ခေါင်းအသာယမ်းပြလိုက်ပြီး သားကိုပြန်ကြည့်လိုက်သည်။ နို့ဘူးကိုလက်ထဲကအပျောက်မခံနိုင်တဲ့အတိုင်း လက်ပိစိလေးနှစ်ဖက်နှင့်ဆုပ်ကိုင်ကာ နို့သောက်နေတဲ့သားက ရှေ့တည့်တည့်ကသူ့ကိုသာ ကြည့်လို့နေသည်။

တအောင့်လောက်ကြာတော့ သားရဲ့နေ့လည်စာနို့ဗူးသောက်ခြင်း ပြီးစီးသွားကာ Jungkookကပဲ သိမ်းဆည်းသန့်ရှင်းပေးရတော့သည်။

"သားတော့ဗိုက်ပြည့်သွားပါပြီဗျာ Mommyရော စားပြီးပြီလားလို့"

သားဆီမှ သဘောတကျရယ်သံလေးထွက်ကျလာသည်။ ထို့နောက် လက်ကလေးနှစ်ဖက်နှင့် ခုံမျက်နှာပြင်ကို ရိုက်ပုတ်ရင်း Jiminကို စကားတွေမပီဝိုးတဝါးပြောနေတော့သည်။ တခါတရံ တခစ်ခစ်ရယ်ရာမှ မျက်လုံးလေးတွေပါ ပိတ်သွားတတ်သေးသည်။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now