ချင်ယုကသူ့ရဲ့သွေးစွန်းနေသည့်ဓားအားမြေပေါ်တွင်လဲကျနေသည့်စစ်သားတစ်ယောက်၏အလောင်းမှဆွဲထုတ်လိုက်သည်။သူကညင်သာစွာဝေ့ယမ်းလိုက်သည့်အခါဓားပေါ်မှသွေးများမှာအခုမှဓားအိမ်ထဲမှဆွဲထုတ်လိုက်သကဲ့သို့သဲလွန်စအနည်းငယ်ပင်မကျန်ပဲချက်ချင်းသန့်စင်သွားတော့၏။

အားလုံးပြီးဆုံးသွားသည့်အခါတော့မူလကကျယ်လောင်စွာမည်ဟီးနေခဲ့သည့်ပေါက်ကွဲသံများအားလုံးသည်အသက်ဝင်ပြီးပျော်ရွှင်နေကြသည့်အောင်ပွဲခံခရာသံဖြစ်လာခဲ့သည်။ထိုအချိန်မှာပဲလင်မြို့ထဲတွင်မီးတောက်ကြီးများရုတ်တရက်ပေါ်ပေါက်လာပြီးညအချိန်ဖြစ်နေခဲ့တာတောင်ကောင်းကင်တစ်ခုလုံးကိုဖုံလွှမ်းနေသောကြောင့်အလွန်ကိုလင်းထိန်နေခဲ့သည်။

မြို့လည်ခေါင်မှာတော့ကြောက်လန့်တကြားအော်ဟစ်သံများကိုကြားနေရပြီးမူလကတင်းတင်းကြပ်ကြပ်ပိတ်ထားသည့်မြို့တံခါးများမှာအခုချိန်မှာတော့အနည်းငယ်လျော့ကျလာခဲ့ပြီဖြစ်သည်။အဘယ်ကြောင့်ဆိုသောသူတို့ကချင်ယု၏စစ်တပ်နှင့်တွေ့ဆုံရင်ဆိုင်နေရပြီဖြစ်သောကြောင့်ဖွင့်ပေးရန်ဆုံးဖြတ်လိုက်သောကြောင့်ဖြစ်၏။

ထိုမြင်ကွင်းကိုကြည့်ရင်းချင်ယု၏နက်မှောင်ပြီးရှည်လျားကျဉ်းမြောင်းသည့်မျက်လုံးများမှာပျော်ရွှင်သွားသည့်သဲလွန်စတစ်ချက်ဖြတ်ပြေးသွားသည်။ယခုအချိန်တွင်လင်မြို့တော်တစ်ခုလုံးသူ့လက်အောက်သို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ချင်ယု၏စစ်တပ်ဝတ်စုံများကိုဝတ်ဆင်ထားသည့်ရှန်ဘီစစ်သားများမှာလင်မြို့တော်ထဲသို့စစ်ချီတက်လာကြပြီးကျန်ရှိသည့်အစောင့်စစ်သားတစ်ချို့ကိုအပြီးသတ်တိုက်ခိုက်နေကြသည်။

အခြေအနေကအလျင်အမြန်ပင်အခြေကျခဲ့သည်။ရှုံးနိမ့်သည့်ဘက်ကလင်မြို့တော်ဖြစ်ကာစစ်သားတစ်ချို့သာအသက်ရှင်ရက်ကျန်ရစ်ခဲ့သည်ပြီးအောင်ပွဲအတွက်မျှော်လင့်ချက်မရှိကြောင်းသူတို့ကအစောကြီးကတည်းကသိထားကြသောကြောင့်အစောင့်တပ်များသည်သူတို့၏တိုက်ခိုက်ရေးစိတ်ဓာတ်ကိုကြာမြင့်စွာကတည်းကဆုံးရှုံးခဲ့ရပြီးသားဖြစ်သည်၊ ထို့ကြောင့်လည်းသူတို့သည်ရှန်ဘီစစ်တပ်ထံချဉ်းကပ်ကာလက်နက်ချအညံ့ခံခဲ့ကြခြင်းဖြစ်၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now