🌿 Spring Love 36 🌿

Start from the beginning
                                    

သူကအလေးအနက်ထားပြောနေသည့်ဟန်
Baekhyun မသိဘဲနေမလား။

အခုအိမ်ရော၊သူစီးနေတဲ့ကားရော၊လပ်ထပ်လက်စွပ်အဆုံး
အကုန်လုံး ဆိုပိုက်ဆံမနည်း။
သို့သော်လည်း
အလုပ်မလုပ်ပဲ သူ့ကိုမှီခိုပြီးတော့မနေချင်ဘူး။
ကိုယ်ပိုင်အလုပ်လေးရှိတော့ပိုကောင်းတယ်လေ။

ပြီးတော့ Baekhyun ရဲ့ပေါင်မုန့်ဆိုင်လေးကလည်း
သူ့အထိုက်အလျောက်ရောင်းနေရတာ။
ပိတ်မထားနိုင်ပါဘူး။

'Baek လည်းကိုယ့်မာနနဲ့ပါနော်'

"ဒါက "

"Baek အိမ်သုံးစရိတ်အတွက်
တခြားနေရာလည်းသုံး "

သူချပေးသော ဘဏ်စာအုပ်လေးထဲများစွာသော ကိန်းဂဏန်း
အရေအတွက်ကအံ့အားသင့်စေသည်။
အဲ့လောက်တောင်....

Baek ရဲ့မိဘတွေအတွက်ပါကိုယ်စီစဉ်ပေးမယ်။

သူလည်းခွင့်ရအလွန်ဆုံး ၃ ရက် ၄ ရက်ပေါ့
အခုအလုပ်ပြန်ဆင်းနေတော့သားတော်မောင်နဲ့ Baek သာ
ကျန်ခဲ့သည်။

🌿

လက်ထပ်ပြီးလအနည်းငယ်သာရလာသည်။
သူနဲ့အသားကျဖို့ချက်ချင်းမဖြစ်နိုင်လို့
ပြောထားပြီးတည်းကသူ Baek ကိုလက်ကိုင်တာတောင်
မလုပ်တော့။

မတော်တဆအသားချင်းထိမိသွားရင်တောင်သူ့ဘက်က
အားနာသွားသည့်ပုံမျိုး။
အဲ့လောက်တော့မလိုဘူးလို့ Baekhyun ထင်သည်။
တစ်အိမ်တည်းနေနေတာမတော်တဆထိမိတာရှိနိုင်တာဘဲ။

အခုဟာကြီးကျတော့သူကတမင်သတိထားနေသလိုကြီး။
သူနဲ့အဆင်ပြေဖို့ကြိုးစားနေတာဘဲလေ။

ဒီညတော့
Baek သူနဲ့တူတူလိုက်ပေးရမယ်ပြောထားတယ်။
Company party မတက်မနေရတဲ့လေ။

ညနေကျောင်းလွတ်တော့အကြီးမကိုကြိုပြီး
ကလေးတွေကိုအမေတို့ဆီသွားထားကာ
သူ့နောက်လိုက်ဖို့ပြင်ရသည်။

Baekhyun စိတ်လှုပ်ရှားလိုက်တာ။
အမှားလုပ်မိမှာလည်းစိုးရိမ်တယ်။ကိုယ်ကအဲ့လိုအသိုင်းအဝိုင်း
မှာကျင်လည်သူမဟုတ်။ယုတ်စွအဆုံးပြောရရင်တောင်
Party တက်ဖူးသူတောင်မဟုတ်။

သူ့နောက်လိုက်သွားတော့မှကိုယ့်ယောက်ကျားရဲ့အလုပ်မှာ
လုပ်ဆောင်နိုင်တဲ့စွမ်းရည်ကြောင့်လူကြီးတွေသဘောကျရုံသာမကတခြားသောအချက်ကသူ့ကိုသဘောကျနေတဲ့သူတွေရှိ
တယ်ဆိုတာပါဘဲ။

🌿 Spring Love 🌿Where stories live. Discover now