Mommy and Jungmin

Start from the beginning
                                    

ဒီမှာကြည့်ပါဦး မက်မွန်လုံး ဒါ မင်းရဲ့ကလေးလေးလေ Jeon Jungminတဲ့။ ချစ်စရာမကောင်းဘူးလား။

နေ့တိုင်းတွေ့ချင်မိနေသည့် သားရဲ့မျက်နှာကလေးကို အထင်အရှားတွေ့လိုက်ရသည့်အချိန် Jimin ထိန်းထားသည့်မျက်ရည်တွေ ပြိုကျလုမတတ်ဖြစ်သွားရသည်။ သားက သူ့ကိုစိုက်ကြည့်ကာ ပြုံးပြရင်း လက်ကလေးတွေယမ်းနေတာမို့ Jimin ရှိုက်သံမထွက်မိအောင် နှုတ်ခမ်းနှစ်လွှာကို စေ့စေ့ပိတ်ထားလိုက်သည်။

သားက သူ့ကိုမှတ်မိတယ်တဲ့လား....။

သားကိုကြည့်ကာ ပြုံးလိုက်သည့်မက်မွန်လုံးကြောင့် Jungkookပါ အလိုလိုပြုံးမိသွားသည်။ မက်မွန်လုံးရဲ့ဆံနွယ်တွေတောင် အနက်ရောင်ပြောင်းသွားခဲ့ပြီပဲ။

"ကဲ ဒါဆို အားလုံးလည်း စားလိုက်ကြရအောင်လေ"

"ကောင်းတာပေါ့ အန်ကယ်လ်"

"ဟုတ်ကဲ့ ဒယ်ဒီ"

ဒယ်ဒီဆိုသည့် အခေါ်အဝေါ်ကြောင့် သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသည့် လူကြီးက မက်မွန်လုံးလေးရဲ့ဖခင်ဖြစ်သူမှန်း Jungkook တန်းသိလိုက်သည်။ မက်မွန်လုံးရဲ့မျက်နှာအရိပ်အကဲကိုသာ မသိမသာအကဲခတ်နေလိုက်ရင်း နေရမခက်အောင် Jungkook ဆုတောင်းပေးနေမိသည်။

"အဲ့~"

သားက သူ့mommyဆီလိုက်လို့မရမှန်းသိလိုက်သည်နှင့်တပြိုင်နက် ငိုချဖို့အရှိန်ယူလေတော့သည်။ Jungkook ပြူးပြူးပြာပြာဖြစ်သွားရပြီး ဘာလုပ်ရမလဲမသိဖြစ်သွားရသည်။

"ကလေးက သူ့အမေမပါဘူးထင်တယ်"

မက်မွန်လုံးရဲ့ဖခင်ဖြစ်သူဆီမှအသံကြောင့် တခုခုရိပ်မိသွားလေမလားဆိုပြီး Jungkook စိတ်ပူသွားရသည်။ မက်မွန်လုံးကိုကြည့်လိုက်တော့ တံတွေးမြိုချလိုက်တာကို မြင်ဖြစ်အောင်မြင်လိုက်တာမို့ Jungkook တခုခုပြောဖို့အမြန်စဥ်းစားရတော့သည်။

"သားမေမေက ခရီးသွားနေလို့ပါ တောင်းပန်ပါတယ် သားကနေမှာမဟုတ်လောက်ဘူး သုံးဆောင်နှင့်ကြပါ"

Jungkook ကပြာကယာပင် သားရဲ့ပစ္စည်းတွေကိုပါ တပါတည်းယူလိုက်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်။ မထွက်ခင်လေးမှာ သားနှင့်သူ့ကိုလှမ်းကြည့်နေသည့် Jiminရဲ့မျက်ဝန်းတွေကို မြင်ဖြစ်အောင်မြင်လိုက်ရပါသေးသည်။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now