နန်ကုန်းအောင်၏မျက်နှာမှာမှောင်မိုက်သွားတော့သည်။

"ငါ့ကိုလှည့်စားတဲ့အတွက်ခံစားရမယ့်ကြောက်စရာကောင်းတဲ့အကျိုးဆက်ကိုသိစေရမယ်"

.....

လီလျိုကတော့သေလောက်အောင်ပင်ပျင်းရိနေပြီဖြစ်သည်။သူတို့ထိုနေရာမှာပဲရပ်တန့်နေရတာမိနစ်၂၀လောက်ရှိပြီဖြစ်သောကြောင့်သူ့ခေါင်းကိုဘယ်ညာလှည့်၍နေရာ၏ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှုနေလိုက်တော့လေသည်။

ကံကောင်းထောက်မစွာဖြင့်သူ့မှာခန္တာကိုယ်ကိုနွေးထွေးစေနိုင်မည့်ကျွမ်းကျင်မှုသာမရှိခဲ့ပါလျှင်ထိုသုညမှတ်အောက်ရောက်နေသည့်အအေးမှတ်မျိုးတွင်အေးခဲပြီးသေသွားနိုင်လောက်သည်။သို့သော်လည်းထိုသို့လုပ်နေရင်းမှပင်သူ့လက်များနှင့်ခြေထောက်များကအနည်းငယ်အေးနေသည်ဟုခံစားနေရဆဲဖြစ်၏။

ချင်ယုကလီလျိုကိုငေးကြည့်နေရာမှအနားကိုလျှောက်လာလိုက်ပြီးသူ့လက်ကိုဆုပ်ကိုင်ပေးထားလိုက်သည်။နောက်တစ်စက္ကန့်အတွင်းမှာပင်ချင်ယု၏လက်ဖဝါးမှအပူရှိန်ကလီလျို၏ဆုပ်ကိုင်ခံထားရသောလက်ဖဝါးမှတစ်ဆင့်တစ်ကိုယ်လုံးသို့ပြန့်နှံ့သွားတော့သည်။

လီလျိုမှာချင်ယု၏ရုတ်တရက်လုပ်ဆောင်မှုကြောင့်ထိတ်လန့်သွားရ၏။ယောကျာ်းတစ်ယောက်အနေဖြင့်နောက်ထပ်ယောကျာ်းတစ်ယောက်နှင့်လက်ကိုင်ထားသည်ကအနည်းငယ်တော့အဆင်မပြေဖြစ်မှုအားခံစားလိုက်ရလေသည်။သူကလွန်ခဲ့သောနှစ်အနည်းငယ်အတွင်းကချင်ယုရဲ့ရင်းနှီးသောလုပ်ရပ်အချို့ကိုစိတ်ထဲမထားခဲ့ရင်တောင်သူ့နဲ့အတင်းအကြပ်အိပ်ယာတစ်ခုတည်းအိပ်ခြင်းမျိုး၊ယခုကဲ့သို့အများမြင်သောနေရာတွင်ဆက်ဆံခြင်းမျိုးကလီလျို၏စိတ်နှလုံးထဲတွင်အနည်းငယ်သက်တောင့်သက်သာမဖြစ်မှုဖြစ်ပေါ်လာသည်။

သို့သော်လည်းသူ့ကိုယ်ကနွေးထွေးလာသောကြောင့်ဇာတ်လိုက်၏လက်ကိုတော့အမြန်မလွှတ်ခြင်မိပေ။သူ့သမာဓိကတစ်ဖြည်းဖြည်းကျဆင်းလာပြီးသူပြောနိုင်သည့်တစ်ခုတည်းသောအရာမှာ'အလေ့အကျင့်ဆိုတာမကောင်းဘူး'ဟုသာ..........

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now