31

2.6K 330 20
                                    


"Baekhyunee...သားကိုကြီး ရောက်နေတယ်"

အခန်းတံခါးခေါက်သံအဆုံး မေမေ့အသံကြောင့် လူက မှန်ရှေ့ပြေးပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်ရသေးသည်။
ပြီးမှသာ အောက်ထပ်ကို ပြေးဆင်းလာခဲ့သည်။
ကိုကြီးက ဘာလို့အခန်းထဲထိ မလာတာလဲ မသိ။

အိမ်အပေါ်ထပ်ဆီမှ ခုန်ပေါက် ပြေးဆင်းလာသည့် အကောင်ပေါက်က ဧည့်ခန်းထဲရှိ နှစ်ယောက်ထိုင် ဆိုဖာပေါ်တွင် ထိုင်နေသော Chanyeolဘေးကို ပူးကပ်ကာ ထိုင်ချလိုက်သည်။

"ကိုကြီး မနက် နှိုးကတည်းက ထပြီး စာကြည့်နေတာ သိလား။ Baekhyunee လိမ္မာတယ်နော်"

လက်တစ်ဖက်ကို ချိတ်တွယ်ပြီး မျက်နှာလေး မော့ကာ ချစ်စရာကောင်းအောင် ပြောနေပြန်သည်။

"အဟမ်း...အဟမ်း ..Baekhyun ငါရော ပါလာတယ်။ ငါ့ကို မြင်ရော မြင်ရဲ့လား"

အသံကြားမှ ခေါင်းလေး ချာနေအောင် လှည့်ကြည့်လာပြီး Sehunကို သွားလေးဖြဲကာ ရယ်ပြလာပေမယ့် Chanyeolကို ချိတ်တွယ်ထားသည့် လက်တို့ကို ဖယ်ခွာဖို့ စိတ်ကူးမရှိသေးသည့် ပုံ။
Sehunကတော့ 'မနိုင်တော့ဘူး' ဆိုသော မျက်နှာထားမျိုးနှင့် ကြည့်နေသည်။

"ငယ်လေးက Baekhyuneeနဲ့ စာဆွေးနွေးစရာရှိတယ်ဆိုလို့ ကိုယ်လိုက်ပို့တာ"

"ဒါဖြင့် ကိုကြီက Baekhyuneeကိုတော့ မတွေ့ချင်ဘူးပေါ့"

"မဟုတ်တာ Baekhyuneeရယ်။ခါတိုင်းလည်း ကိုယ်က မလာတာကျလို့"

ဒီကောင်လေးကို Chanyeol နည်းနည်းမှ အငြိုအငြင် မခံချင်။
နှုတ်ခမ်းလေး ဆူထားသည့် Baekhyuneeက သိပ်မကျေနပ်သေးသလို။

စကားလုံးတွေနှင့် မချော့တတ်သည့် Chanyeolကတော့ Baekhyuneeလက်ဖျားလေးတွေကို ဆုပ်ကိုင်ပြီး မျက်ဝန်းဝိုင်းဝိုင်းလေးတွေနှင့် Baekhyuneeကိုပဲ တမေ့တမောကြည့်နေသည်။

"အခု ကျွန်တော့်ကို ရှိတယ်လို့ရော ထင်ကြရဲ့လား"

Sehunရဲ့ ငိုချင်းချမတတ် စိတ်ပျက် လက်ပျက် အော်သံကို ကြားမှ နှစ်ယောက်လုံးက Sehunဘက်ကို လှည့်ကြည့်လာသည်။

"Sehunnie အတူတူ စာကြည့်ကြမယ်မလား။ ခြံထဲသွားရအောင်....မေမေ ခြံထဲမှာ စာကြည့်မလို့ စားဖို့ တစ်ခုခု ယူခဲ့ပေးပါ"

ကိုႀကီး/ကိုကြီး(Z/U)On viuen les histories. Descobreix ara